မြေယာပြဿသာနာဖြေရှင်းရမည့်နည်းလမ်း မြေယာမဏ္ဍိုင်အဖွဲ့ အကြံပြု

အစိုးရဦးဆောင်၍ အားလုံးပါဝင်နိုင်သည့် ညှိနှိုင်းဆွေးနွေးပွဲများကို အဓိပ္ပာယ်ရှိရှိ လုပ် ဆောင်မှသာ မြေယာပြဿသာနာများ ဖြေရှင်းနိုင်
မည်ဖြစ်ကြောင်းမြေယာမဏ္ဍိုင်အဖွဲ့က အကြံပြု တိုက်တွန်းသည်။

လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန် လည်စိစစ်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကိုယ်စား လှယ်များ၊ ဒေသခံလူမှုအဖွဲ့အ စည်းများ၊ တတ်သိပညာရှင်များပူးပေါင်းပါဝင်သော ဆွေးနွေးညှိနှိုင်းမှုတစ်ခုကို အကောင်အထည်ဖော်ဆောင်ရန် အရေးကြီးကြောင်း အဆိုပါအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးရွှေသိန်းက ပြောသည်။

‘‘အစိုးရရဲ့ လက်ရှိမူဝါဒက ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ပြည် သူတွေအတွက် လုပ်ဆောင်ပေး နေတာဖြစ်တဲ့အတွက် မြေယာ ပြဿသာနာတွေကို ဖြေရှင်းပေးနိုင် မယ်လို့ ယုံကြည်ပါတယ်။ ပွင့် လင်းမြင်သာစွာ တောင်သူတွေ ရော မြေယာအသုံးချသူတွေပါ ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင် မှာပါ’’ဟု ၎င်းကဆက်လက်ပြော သည်။

မြေယာပြဿသာနာသည် မြန် မာနိုင်ငံ၏ သာတူညီမျှဖွံ့ဖြိုးတိုး တက်မှုနှင့် ဒီမိုကရေစီစနစ်ဖွံ့ဖြိုး ရေးအတွက် ကြီးမားသော အတားအဆီးအနှောင့်အယှက်တစ်ခုဖြစ် ကြောင်း မြေယာမဏ္ဍိုင်အဖွဲ့က မေလ ၁၆ ရက်တွင် သဘောထား ထုတ်ပြန်အကြံပြုထားသည်။

မြေယာများကို မည်သည့် ပုံစံမျိုးဖြင့်သိမ်းသိမ်း မြေယာများကို မှန်ကန်သည့် ရည်ရွယ်ချက်ဖြင့် ကောင်းမွန်စွာ အသုံးမချနိုင်ပါက လုပ်ကိုင်ခွင့်ဆုံးရှုံးခဲ့ရသည့် တောင်သူလယ်သမားများ ပိုမို ဆုံးရှုံးကြောင်း ဦးရွှေသိန်းကပြောကြားသည်။

နိုင်ငံတော်အစိုးရကလည်း မေလ ၅ ရက်တွင် လယ်ယာမြေ အငြင်းပွားမှုပြဿနာများ အထူးဦးစားပေးပြီး အမြန်ဆုံးဖြေရှင်းရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ သည်။

လယ်ယာမြေသိမ်းဆည်း ခြင်းကိစ္စရပ်များကို ဥပဒေနှင့်အ ညီ ဖြေရှင်းဆောင်ရွက်ပြီးသည် အထိ ရပ်ဆိုင်းထားရန်၊ လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရ မှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီဖွဲ့စည်းပြီး သိမ်းဆည်း မြေများကို သက်ဆိုင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန် လည်ပေးအပ်ရန်နှင့် မြေအငြင်း ပွားမှုများကို တည်ဆဲဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရကြေညာချက်တွင် တွေ့ရသည်။

မြေအငြင်းပွားမှုများကို တည်ဆဲဥပဒေနှင့်အညီ ဖြေရှင်းမည်ဆိုရာတွင် လက်ရှိတည်ဆဲဥပဒေများသည် ပြည်သူတို့၏ အကျိုးစီးပွားကို အပြည့်အ၀ ကာကွယ်မပေးနိုင်သော အားနည်းသည့် ဥပဒေများဖြစ်နေခြင်း ကြောင့် ယင်းဥပဒေနှင့်အညီ ဖြေရှင်းမည်ဆိုပါက တရားမျှတမှုမရှိသည့်ဆုံးဖြတ်ချက်များ ပေါ်လာနိုင်ပြီး ပြဿသာနာကို မဖြေရှင်းနိုင်သည့်အပြင် ပြည်သူတို့၏ မကျေနပ်မှုများ ဖြစ်ပေါ်စေပြီး တစ်ခဲနက်အုံကြွမှုများ ပေါ်ပေါက်လာ နိုင်ကြောင်းမြေယာမဏ္ဍိုင်အဖွဲ့က အကြံပြုတိုက်တွန်းထားသည်။

မြေယာမဏ္ဍိုင်အဖွဲ့ကို ၂၀၁၂ တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြေယာပြဿသာနာများ၊ မြေယာအသုံးချမှု မူဝါဒပြောင်းလဲရေးနှင့် တောင်သူလယ်သမားများအား ကာကွယ်ပေးနိုင်သည့် ဥပဒေများပေါ်ပေါက်ရေးတို့ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

Source:  7Daydaily

Facebook comments