အလုံဆင်မင်းအိမ်ရာနှင့် ပတ်ဝန်းကျင် အိမ်ခြံမြေ
ဈေးကွက်အခြေအနေများနှင့် ပတ်သက်၍ ကျွန်တော်တို့
Property.com.mm သတင်းမီဒီယာအဖွဲ့မှ ယခုတစ်ပတ်
အတွင်း စုံစမ်းမေးမြန်းခဲ့သည့် သတင်းအချက်အလက်
များအားအိမ်ခြံမြေ ဈေးကွက်လေ့လာသူ များအတွက်
ရေးသားတင်ပြလိုက်ပါသည်။
ရောင်းဝယ်ငှားဈေးကွက်ဖြစ်ထွန်းမှု အခြေအနေများအား
ဒေသခံတစ်ဦးအား မေးမြန်းကြည့်ရာတွင်
"ဆင်မင်းအိမ်ရာထဲမှာ မြေညီအခန်းအငှား ခေါ်ထားတာရှိတယ်
၁၅'x၅၂' Hall Type မြေညီကို ၆ သိန်းအငှားရှိပါတယ်
၁၅'x၅၂' မြေညီကိုပဲ ညှိုနှိုင်းဈေးခေါ်ထားတဲ့နောက်တစ်ခန်း
လည်းရှိတယ် ပထမထပ်လောက်ဆိုရင်တော့ လေးသိန်း
ခွဲဝန်းကျင် အငှားဈေးရှိတယ် အရောင်းဈေးကွက်ဆိုရင်တော့
၁၈'x၅၀' မြေညီကို သိန်း ၂၃၀၀ အခေါ်ရှိပါတယ်
၁၅'x၅၅' ပထမထပ်ကို သိန်း ၈၀၀ အရောင်းခေါ်ထားတာ
ရှိပါတယ် အနီးဝန်းကျင်ဈေးကွက်ဆိုရင်တော့ ငုဝါလမ်းထဲ
၁၂ ခွဲ'x ၅၀' မြေညီနဲ့ပထမထပ်တွဲလျက်ကို သိန်း ၁၆၀၀
အရောင်း ခေါ်ထားတာ ရှိပါတယ် ငုဝါလမ်းထဲမှာပဲ ၂၅'x၅၀'
၃ လွှာကို သိန်း ၁၃၀၀ ၊ ၄ လွှာကို သိန်း ၁၂၀၀ အရောင်းရှိ
ပါတယ် ခုလပိုင်းတွေမှာတော့ အရောင်းအ၀ယ်ပါးနေတယ်
အငှားကတော့ဖြစ်ပါတယ် အိမ်ပိုင်တွေကတော့ လိုချင်တဲ့
ဈေး အော်ထားတာလောက်ပဲ အ၀ယ်တွေကလည်း ဈေးမေး
ဈေးစုံစမ်းမှုတွေ မကြာခဏရှိတယ် လုံးချင်းတွေ ထဲကဆိုရင်
သိပ္ပံလမ်း ဘက်မှာ ၂၅'x၅၀' 2RC ကို သိန်း ၃၅၀၀ ခေါ်ထား
တာရှိပါတယ် ကွန်ဒိုသစ်တွေလည်းဆောက်တော့
ဆောက်နေကြတယ် ရင်းနှီးနိုင်သူတွေအတွက်တော့
ဆောက်ထားတာလည်း မမှားဘူးပေါ့ နိုင်တဲ့သူကတော့
ဝယ်မှာပါ ခုချိန်မှာတော့ အရောင်းအ၀ယ်အားလုံးက ဈေး
ပိုဖြစ်လာမလား အေးနေဦးမလား လျော့လာမလား
စောင့်ကြည့် အနေအထားမှာလောက်ပါပဲ ကြိုက်ရောင်း
ကြိုက်ဝယ် တစ်ခါတစ်လေ အရောင်းအ၀ယ်ဖြစ်တာလောက်ပဲ
ရှိတယ် " ဟု ဒေသခံအိမ်ခြံမြေ အကျိုးဆောင် တစ်ဦးဖြစ်သူ
ဦးကျင်စန်းက Property.com.mm သတင်းမီဒီယာအဖွဲ့သို့
ပြောကြားသည်။
ဆင်မင်းအိမ်ရာနှင့် ပတ်ဝန်းကျင်လမ်းသွယ်များမှာ အလုံ
ကမ်းနားလမ်းမအနီးတွင် တည်ရှိပြီးမြို့တွင်းသို့ ဆက်သွယ်
သွားလာမှု ကောင်းမွန်သော နေရာများဖြစ်သည်။
အေးရှားဝေါလ်ဆိပ်ကမ်း၊ ဆင်မင်းဈေးတို့နှင့် အနီးဝန်းကျင်တွင်
တည်ရှိသောကြောင့် အိမ်ခြံမြေဈေးကွက်၌ စိတ်ဝင်စား လေ့လာ
သူများ များပြားကြောင်းကိုလည်း စုံစမ်းသိရှိရပါသည်။