အိမ်ခြံမြေဈေးကွက်မှာ လတ်တလော အလုပ် လုပ်နေရတဲ့ အနေအထားအရ အိမ်ခြံမြေ ၀ယ်ယူဖို့
စဉ်းစားမယ်ဆိုရင် တန်ဖိုးသင့်တင့်တဲ့ ဧရိယာတွေကိုသာ ဦးစားပေး စဉ်းစားသင့် ကြောင်း
အတွေ့အကြုံရင့်တဲ့ အိမ်ခြံမြေ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
မန္တလေးဈေးကွက်မှာ အိမ်ခြံမြေ အရောင်း အ၀ယ် မသွက်လက်ဘဲ ရှိနေတာဟာ အနည်းဆုံး
လေးနှစ်တာကာလလောက်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက်
လတ်တလောမှာလည်း ဈေးကွက်က အရောင်း အ၀ယ် အေးနေဆဲဖြစ်ပြီး ရှေ့အလားအလာကို
မှန်းဆရခက်ခဲနေဆဲ အခြေအနေမှာ ရှိနေတယ်ဆိုပေမဲ့ မြေဈေးကွက်မှာပဲ ရင်းနှီးမြှုပ်နှံမှု
လုပ်လိုတဲ့သူတွေအနေနဲ့ တန်ဖိုးသင့်တင့် တဲ့ အကွက်အကွင်းတွေမှာ အလုပ်လုပ်ထားရင်
ထိခိုက်မှုနည်းပါးနိုင်တယ်လို့ အကျိုး ဆောင်တချို့က သုံးသပ်ကြပါတယ်။
ထိခိုက်မှု နည်းပါးတာမှာ သင့်တင့်တဲ့ နှုန်းထားမှာ ရှိနေတဲ့ အကွက်အကွင်းတွေဟာ အိမ်မြေဈေး
ကွက်မှာ အပြောင်းအလဲတစ်ခုခု ဆက်ဖြစ်လာရင်တောင် ဈေးနှုန်း အပြောင်း အလဲ မများနိုင်ကြောင်း
ဆိုပါတယ်။ အထူး သဖြင့် ကျပ်သိန်း ၁,၀၀၀ ကနေ ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည် အိမ်မြေတွေပဲ
ဖြစ်ပါ တယ်။ အပြောင်းအလဲတစ်ခုခုလို့ ဆိုရာမှာ ဥပမာအားဖြင့် အခွန်ဆိုင်ရာမှာဖြစ်စေ၊ အိမ် ခြံမြေ
မူဝါဒတစ်ခုခု ချမှတ်လို့ဖြစ်စေ အမြင့် ဈေးနှုန်းတွေအပေါ် အကျိုးသက်ရောက်မှု ဖြစ်မယ်ဆိုရင်တောင်
လက်ရှိမှာ ရှိနေတဲ့ တန်ဖိုးသင့်တင့်တဲ့ နှုန်းတန်းတွေက ထိခိုက်မှု နည်းမယ်လို့ သုံးသပ်ကြပါတယ်။
လက်ရှိတန်ဖိုးသင့်တဲ့ အိမ်မြေတွေရဲ့ အနေ အထားကလည်း အားသာချက်တွေ ရှိနေပါတယ်။
အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေး၊ အခြေချနေထိုင်တဲ့ လူဦးရေနဲ့ အခြေခံအဆောက်အအုံတွေ
များပြားလာမှုတွေမှာဖြစ်ပါတယ်။
ဒီအချက်တွေဟာ ဈေးကွက်က အဆိုးဘက် ဆက်သွားရင်တောင် အပြောင်းအလဲမများဘဲ
ကျားကန်ပေးထားနိုင်မယ့် အချက်တွေဖြစ်ကြောင်း အကျိုးဆောင် အများစုက ပြောပါတယ်။
ဒီအနေအထားမှာ အိမ်မြေဈေးကွက်မှာ အရောင်းအ၀ယ်က ပြန်ဦးမော့လာခဲ့ရင် တန်ဖိုး
သင့်တဲ့ အကွက်အကွင်းတွေဟာ အလုပ်လုပ် လို့ အကောင်းဆုံး အနေအထားကို ရောက်လာ
ဖို့ရှိတယ်လို့ သုံးသပ်ကြပါတယ်။
Source:Myanmar Times