ရန်ကုန်မြို့အတွင်းလုံးချင်းအိမ်ရာတိုက်ခန်း ရောင်းဝယ်သူများတွင် မြို့နယ်အလိုက် ပျှမ်းမျှဈေးနှုန်း
သတ်မှတ်ချက်များ ရှိသော်လည်းအိမ်ရာတိုက်ခန်းတည်ရှိမှုနေရာနှင့် ဆက်စပ်ရာ မြို့နယ်ပတ်ဝန်း
ကျင်များ၊ လမ်းမနေရာကောင်းများ အပေါ်မူတည်၍ ဈေးကောင်းခေါ်ဆိုမှုများရှိတတ်ကြောင်း
www.Property.com.mm သတင်းမီဒီယာအဖွဲ့မှ စုံစမ်း သိရှိရသည်။
အိမ်ငှားအိမ်ဝယ်လိုသူများအနေဖြင့် အကျိုးဆောင်များဖော်ပြထားသောသတင်းအချက်အလက်
များနှင့် ဖုန်း အမေးအဖြေဖြေကြားချက်များကိုသာ မေးမြန်းလေ့လာပြီးအရောင်းအဝယ်ဈေးနှုန်း
အားနည်းသည်များသည် ဝေဖန်ခြင်းထက် ယခုကဲ့သို့ နေရာလမ်းအနေအထားရပ်ကွက်
အနေအထား ကောင်းမွန်သော နေရာများဖြစ်ပါကခေါ်ဆိုဈေးနှင့် အဆင်ပြေထိုက်တန်သည့်
အိမ်ခန်းတိုက်ခန်းများလည်း ရှိတတ်တာကြောင့် အိမ်ဝယ်အိမ်ငှားလိုသူများအနေဖြင့် ကိုယ်တိုင်
ကိုယ်ငလိုက်ပါကြည့်ရှု၍ အိမ်ရှင်များခေါ်ဆိုဈေးနှင့် တန်မတန် သင့်မသင့် ဆုံးဖြတ်သင့်ကြောင်း
ကိုလည်း အကျိုးဆောင်တစ်ဦးဖြစ်သူကိုထွန်းထွန်းဦး က ပြောသည်။
"ရန်ကုန်တိုင်းမြို့နယ်တွေမှာပျမ်းမျှအရောင်းခေါ်ဆိုဈေးတွေရှိပါတယ် ၁ စတုရန်းပေဆိုရင်
၃ သောင်း ၄ သောင်း၅ သောင်းစသဖြင့်ပေ့ါ တခါတလေရောင်းချင်တဲ့သူကသူ့အိမ်နေရာတည်ရှိမှု
မြို့နယ်အလိုက် ယေဘုယျသတ်မှတ်လို့ ရပေမယ့် ဈေးနှုန်းပိုကောင်းတဲ့ မြို့နယ်နဲ့ဆက်စပ်နေတာရယ်
လမ်းပန်းဆက်သွယ်ရေးအရ နီးနေတာရယ် အပေါ်မူတည်ပြီးနေရာနဲ့တန်ဖိုးအလိုက် ဈေးကောင်းခေါ်
တာတွေ ရှိကြတယ် ဥပမာတာမွေနဲ့ ရန်ကင်းဆက်စပ်နေတဲ့ ပတ်ဝန်းကျင်တွေ မရမ်းကုန်းနဲ့ မြောက်
ဥက္ကလာပဆက်စပ်နေတဲ့ ပတ်ဝန်းကျင်တွေမှာဆို ဒီလိုဈေးကွက် အနေအထားလေးတွေ မကြာခဏ
တွေ့ရတတ်ပါတယ် မြို့နယ်အတွင်းခေါ်ဈေးက တစ်မျိူးရောင်းသူက ဈေးခေါ်ဆိုတာကတစ်မျိးဖြစ်နေရင်
၀ယ်သူတွေဘက်ကနည်းတယ်များတယ် ဖြစ်တာမျိုးတွေပေ့ါ ဒါက လက်တွေ့မျက်မြင် သွားလေ့လာ
ကြည့်ဖြစ်မှနေရာထိုင်ခင်းကောင်းလမ်းခင်းသာပြီးခေါ်ဈေးနဲ့ သင့်လျော်တဲ့ အနေအထားဖြစ်ရင် နှစ်ဦး
နှစ်ဘက်အရောင်းအဝယ် သို့မဟုတ် အငှားဖြစ်တာမျိုးတွေ ရှိတယ် အများစုနားလည်တဲ့ ယေဘုယျ
သတ်မှတ်ဈေးနှုန်းကတော့ ရှိပေမယ့် ခုနကလိုဈေးနှုန်းကွာဟချက် အပြောင်းအလဲလေးတွေ ရှိတတ်
တာကိုလည်း သတိထားနားလည်သင့်ပါတယ်" ဟု Estate Myanmar Enterprise အိမ်ခြံမြေ
အကျိုးဆောင်ကုမ္ပဏီမှ ကိုထွန်းထွန်းဦးကပြောကြားသည်။
Property.com.mm Media Team
www.Property.com.mm