တောင်ကြီးမြို့အနီး သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်အိမ်များ အခိုင်အမာတည်ဆောက်နေ

တောင်ကြီးမြို့ အ ရှေ့ဘက်အထွက် လေးမိုင်အနီးရှိ သစ်တောကြိုးဝိုင်းအတွင်း ရတနာ အိမ်ရာမြို့သစ်စီမံကိန်းဟုဆို ကာ ကျူးကျော်အိမ်များ အခိုင်အ မာတည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရတနာအိမ်ရာမြို့သစ်စီမံ ကိန်းကိုရတနာဥယျာဉ်ကျောင်း ဘုန်းတော်ကြီးက ဦးဆောင် ဆောက်လုပ်နေပြီး နေရေးထိုင် ရေးအခက်အခဲရှိသူများ အဆင် ပြေစေရန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ရတနာဥယျာဉ် ကျောင်းဆရာတော်က မိန့်ကြား သည်။

‘‘ဘုန်းဘုန်းတို့ငွေရေးကြေးရေးလည်း မယူထားပါဘူး။ အိမ် မဲ့ရာမဲ့တွေ နေထိုင်ဖို့အဆင်ပြေ စေဖို့အတွက် ပေလေးငါးဆယ်အ ကွက်ရိုက်လာနေထိုင်တဲ့သဘော ပါပဲ’’ဟု ရတနာဥယျာဉ်ကျောင်း ဆရာတော်က မိန့်ကြားသည်။

အဆိုပါအိမ်ရာများ တည် ဆောက်နေမှုသည် သစ်တောကြိုး ၀ိုင်းအတွင်း မြေများခုတ်ထွင် ရှင်းလင်း၍ တည်ဆောက်နေခြင်း ဖြစ်ပြီး တရားဥပဒေအရ တရား ၀င်မည်မဟုတ်ကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်အောင် အောင်က ပြောသည်။

‘‘ပြည်သူတွေ ရောင်းမှား ၀ယ်မှားမဖြစ်စေဖို့ ပြောနေတာ ဖြစ်ပါတယ်။ အဲဒီမြေတွေက သစ် တောကြိုးဝိုင်းမြေတွေဖြစ်ပါ တယ်။ ရဲအရေးမပိုင်တဲ့ ကိစ္စမို့လို့ သစ်တော ဦးစီးဌာနကလည်း တရားရုံးမှာ ဦးတိုက်လျှောက် ထားပြီးဖြစ်တယ်။ ဆောက်နေတဲ့ အိမ်တွေကို ဖျက်ဖို့ရဲတပ်ဖွဲ့က ဖျက်ခွင့်လည်းမရှိပါဘူး။ တရား ရုံးရဲ့အဆုံးအဖြတ်အတိုင်းဖြစ် မှာပါ’’ဟု ရဲမှူးချုပ်အောင်အောင်ကပြောသည်။

ရတနာဥယျာဉ်မြို့သစ်စီမံ ကိန်းကို ယခင်သမ္မတဦးသိန်းစိန် လက်ထက်တွင် ရတနာဥယျာဉ် ကျောင်းဆရာတော်က အိမ်ရာမြို့ သစ်တည်ရန် လျှောက်ထားခဲ့ဖူး ပြီး ခွင့်ပြုမိန့်တစ်စုံတစ်ရာရရှိခဲ့ ခြင်းမရှိကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခွင့်ပြုမိန့်တစ်စုံတစ်ရာရရှိခဲ့ ခြင်းမရှိသော်လည်း သစ်တောကြိုး ၀ိုင်း မြေဧရိယာအတွင်း ရတနာ ဥယျာဉ်ကျောင်းဆရာတော် ဦး ဆောင်ကာ ဦးစီးကော်မတီဝင် ငါးဦးဖြင့် ၂၀၁၆ ဖေဖော်ဝါရီတွင် အိမ်များ တည်ဆောက်နေခြင်း ဖြစ်ပြီး လက်ရှိတွင် အခိုင်အမာ တည်ဆောက်ထားသည့်အိမ် လေးဆယ်ကျော်နှင့် ဆောက်လုပ် ဆဲ အိမ်နှစ်ဆယ်ကျော်ရှိနေသည်။

‘‘ဒီဘက်မှာ အိမ်အကွက် တွေ ဈေးက ပေ ၇၀×၈၀ တစ် ကွက်ကို နှစ်ဆယ့်ငါးသိန်း၊ သိန်း သုံးဆယ်လောက်ပေါက်ပါတယ်။ စာချုပ်ကတော့ အရင်စာချုပ်ပဲရ တယ်’’ဟု ပင်ငိုကျေးရွာသားဦးခွန် ထွန်းဖြူက ပြောသည်။

Source: 7Daydaily

Facebook comments