အခြေခံလူတန်းစာတွေ နှစ်ရှည်ချေးငွေနဲ့ အိမ်ရာဝယ်ယူခွင့်ရဖို့ လိုအပ်နေ

အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီးအခြေခံလူတန်းစားတွေ
ဝယ်နိုင်ဖို့ နှစ်ရှည်ဘဏ်ချေးငွေတွေလည်း လိုအပ်တယ်လို့ သိရပါတယ်။

' အခြေခံလူတန်းစာတွေ အတွက် နှစ်ရှည်အတိုးနည်းနည်းနဲ့ ချေးငွေတွေလိုအပ်တယ်၊ အခုက ဆောက်လုပ်ရေးသမာတွေ အတွက်ပဲ ချေးငွေရတော့ အဲ့ဒီကရတဲ့ငွေနဲ့ ဆောက်ထားတဲ့တိုက်ခန်းကို ငွေကိုင်ပြီး လာဝယ်မယ့် ဝယ်လက်ပျောက်နေတယ် ' လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဠ ဦးကိုကိုထွေး ကပြောပါတယ်။

အိမ်ခြံမြေဈေးကွက်အခြေအနေက လက်ရှိမှာ ရပ်တန့်သလောက်ရှိနေပြီး နိုင်ငံရဲ့ စီးပွားရေအခြေအနေအရလည်း ဝင်ငွေနည်းလူတန်းစာအရေအတွက်က ပိုမိုများပြားနေတာကြောင့် လက်ရှိဈေးကွက်အခြေအနေက လက်လှမ်းမမီနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေ အရောင်းဈေးကွက်ကျဆင်းနေပေမဲ့ အငှါးဈေးကွက်မြင့်တက်နေတာက လက်ရှိလူတန်းစာအများစု အိမ်ပိုင်ဆိုင်ခြင်းမရှိတာကို ဖော်ပြနေတာဖြစ်ပါတယ်။

အိမ်ပိုင်ဆိုင်သူ ရှားပါပေမဲ့ ဝယ်ယူသူအရေအတွက် နည်းပါတာက ရောင်းချသူ နဲ့ ဝယ်ယူသူဈေးနှုန်းမလိုက်နိုင်တာတွေကြောင့်
 ဖြစ်ပါတယ်။

လက်ရှိရောင်းချနေတဲ့ တန်ဖိုးနည်းအိမ်ရာတွေရဲ့ ဈေးနှုန်းတွေက လည်း ကျပ်သိန်း ၁၀၀ အထက်မှာ ရှိနေတာကြောင့် လစဉ်ဝင်ငွေ တစ်လ တစ်သိန်းရှိသူတစ်ဦးအတွက် သိန်း၁၀၀ တန်တိုက်ခန်းကိုဝယ်ယူနိုင်တဲ့အနေအထားမရှိဘူးဖြစ်နေပါတယ်။ဒါတွေကိုဖြေရှင်းနိုင်ဖို့ နှစ်ရှည်ချေးငွေတွေလိုအပ်နေတာဖြစ်ပါတယ်။ 

လက်ရှိ ပြသာနာ တွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်ကဘဏ်ချေးငွေရရှိပြီး ဆောက်လုပ်ထားတဲ့တိုက်ခန်းတွေကို ဝယ်ယူသူတွေအတွက် အရစ်ကျရောင်းချဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ အစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို အရင်ဆုံးအကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိပြီးဈေးနှုန်နဲ့ ရောင်းချမယ့်ပုံစံတွေကို ဖော်ပြချင်းမရှိသေးတာကြောင့် အခြေခံ လူတန်းစာတွေအတွက် တိုက်ခန်းပိုင်ဆိုင်ဖို့ အခွင့်အရေး တစ်ရပ်မျှော်လင့်စရာရှိတယ်လို့ သိရပါတယ်။

Source: The Modern

Facebook comments