''ဝန်ထမ်းကွက်သစ်နဲ့ ဟုန်းပန်း ကွက်သစ်က မြေတစ်နေရာကို ကျပ် သိန်း ၅ဝဝ ဝန်းကျင်ဈေးရှိတယ်။ မြနန္ဒာကွက်သစ်က ကားလမ်းဘေး ဆိုတော့ ကျပ်သိန်း ၅ဝဝဝ ဈေးရှိ တယ်။ အဲဒီရပ်ကွက်တွေက မြေ ဂရန်ရှိတဲ့ အတွက် ဈေးမြင့်သလို အရောင်းအဝယ်ပုံမှန် ရှိနေတာပါ''ဟု ပလိပ်မြို့ခံ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။ မြေဂရန်ပြုလုပ်ရန် ပေးသွင်းရ သည့် ငွေကြေးမတတ်နိုင်ခြင်းကြောင့် မြေဂရန်လျှောက်ထားသူ နည်းပါး ကြောင်း၊ ပလိပ်မြို့ရှိ အိမ်အများစု သည် အိမ်ခွန်တော်ဆောင်၍ နေ ထိုင်နေခြင်းဖြစ်ကြောင်း၊ မြေဂရန် မရှိသူများသည် အရပ်ကတိဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိ ကြောင်း ပလိပ်မြို့ခံတစ်ဦးက ပြော သည်။ ပလိပ်မြို့တွင် ရပ်ကွက် ၂၄ ရပ်ကွက်ရှိပြီး အိမ်ခြေ ၄ဝဝဝ မှ ၅ဝဝဝ ကြားရှိကာ မြေဂရန်ရှိသည့် အိမ်ခြေမှာ ၄ဝဝ မှ ၅ဝဝ ကြားသာ ရှိကြောင်း သိရသည်။
Source: Yangon Media Group