ကနီမြို့နယ် ကျော်ရွာကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၀၀ခန့်ပျက်စီးမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျော်ရွာကျေးရွာ အုပ်စုတွင် မေလ ၁၃ ရက်နေ့ ညနေ ၃း၂၅ နာရီခန့်က မိုးများသည်းထန် စွာရွာသွင်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျော်ရွာကျေးအုပ်စုအတွင်းမှ ကျော်ရွာ၊ ဇီးဖြူကုန်း၊ အောင်သာယာ၊ ကျွဲတက်နှင့် ကံဇိဘ ကျေးရွာ များမှ လူနေအိမ်၂၀၀ ခန့်နှင့် စာသင်ကျောင်းဆောင်၊ သာသနိက အဆောက်အဦများပျက်စီးဆုံးရုံး မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။အဆိုပါလေပြင်းတိုက်ခတ်ပျက်စီးမှုများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဖြိုးအောင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးချစ်ကိုကို၊ မြို့နယ်သန္ဓေမီသတ်စခန်းတာဝန်ခံ ဦးထိန်လင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးသန့်ဇင်နှင့် မြို့နယ်အခွန်ဦးစီးဌာန နယ်မြေ တာဝန်ခံ ဦးသူရစိုး၊ မြို့နယ်ဌာနဆိုင်အဆင့် တာဝန်ရှိသူများမှ ချက်ချင်းသွားရောက်၍ ပျက်စီးဆုံးရှုံး မှုများကို ပူးပေါင်းကူညီဆောင် ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Source: thithtoolwin

Facebook comments