သိမ်းဆည်းထား သော လယ်ယာမြေများ ပြန်လည်ပေးအပ်ရန် တောင်သူများ တောင်းခံထားသည့်အပေါ် မြို့ပြ ဧရိယာအတွင်း ပါဝင်နေ၍ ပြန်လည်ပေးအပ်နိုင်ခြင်းမရှိကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီက ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်ရှိ တောင်သူများထံမှ သိမ်းဆည်းခဲ့သည့် မြေကွက်များ တွင် စီမံကိန်းပြုလုပ်ခြင်းမရှိ၍ ပြန်လည်ပေးအပ်ရန် အသနားခံ တင်ပြခြင်းအပေါ် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနက မေလ ၁၀ ရက်တွင် တောင်သူ ၂၄ ဦးနှင့် တွေ့ဆုံခဲ့သည်။
‘‘ဆွေးနွေးပွဲမှာ ကျွန်တော် တို့တောင်းတဲ့ ပိုနေတယ်ဆိုတဲ့ မြေတွေက မြို့ပြဧရိယာထဲပါနေ လို့ သူတို့က ပြန်မပေးနိုင်ဘူးလို့ ပြောတယ်’’ဟု ရွှေကြာပင်ရပ် ကွက်နေ လယ်သိမ်းခံရသော ကိုသန်းထွန်းအောင်က ပြောကြားသည်။
အစိုးရစီမံကိန်း ပြုလုပ်ရန် ဟုဆိုကာ သိမ်းဆည်းထားသည့် လယ်ယာမြေများအတွက် သီးနှံ လျော်ကြေးသာပေးထားပြီး မြေ အစားထိုး ပေးလျော်ခြင်း မရှိသေးသည့်အပြင် ၂၀၁၂ လယ်ယာမြေဥပဒေအရ လေးနှစ်အ တွင်း အကောင်အထည်မဖော်၍ ပြန်လည်ရယူရန် တင်ပြတောင်း ခံခြင်းဖြစ်ကြောင်း တောင်သူများ က ပြောသည်။
‘‘ကျွန်တော်တို့က မြေတစ် ဧက သုံးသိန်းခွဲပဲ လျော်ကြေးရပြီး ဝိုင်းအစားလည်း မရဘူး။ လျော် ကြေးလည်း ထပ်မရဘူး။ အဲဒီအ တွက် ကျွန်တော်တို့က မြေယာ လျော်ကြေးမျိုးဖြစ်ဖြစ်၊ နစ်နာ ကြေး ထပ်ပေးတာမျိုးပဲဖြစ်ဖြစ်၊ အိမ်ဝိုင်းခြံမြေ အစားပေးတာမျိုး ပဲဖြစ်ဖြစ် ပေးတယ်ဆိုရင် ကျွန် တော်တို့ဘက်က လက်ခံမှာပဲ’’ဟု ကိုသန်းထွန်းအောင်ကဆိုသည်။
နေပြည်တော် စည်ပင်သာ ယာရေးကော်မတီက ဆွေးနွေးပွဲ သို့ ဖိတ်ကြားထားသည့် တောင်သူ ၂၄ ဦးတွင် ယခုအစိုးရလက်ထက် နေပြည်တော်စည်ပင်ဥပဒေ ပုဒ်မ ၂၆ ဖြင့် တရားစွဲခံထားရသော တောင်သူရှစ်ဦး ပါဝင်ကြောင်း သိရသည်။
Source:7daydaily