ပြင်ဦးလွင်က ကျူးပြသာနာ ပိုမိုဆိုးရွားမလာအောင် လုပ်ဆောင်မည်ဟု ဆို

ပြင်ဦးလွင်မြို့နယ်မှာဖြစ်ပွားနေတဲ့ ကျူးပြသာနာနဲ့ပတ်သတ်ပြီး ပိုမိုဆိုးရွားမလာအောင် လုပ်ဆောင်ဖို့စီစဉ်နေတယ်လို့ ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူထံကသိရပါတယ် ။

ပြင်ဦးလွင်မြို့နယ်မှာ အရေးတကြီးဖြေရှင်းရမယ့် ပြသာနာတွေထဲမှာ ကျူးပြသနာလည်းပါဝင်တယ်လို့သိရပါတယ် ။ ‘ကျွန်တော်တို့မြို့နယ်မှာ အကြမ်းဖျင်းအားဖြင့် ကျူးတွေနဲ့ပတ်သတ်လို့ လောလောဆယ်ဖြေရှင်းဖို့ရှိပါတယ် ၊ဒါကိုတော့ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတွေက ကျွန်တော်တို့ကိုသေသေချာချာလေး ပူးပေါင်းပါဝင်ဖို့၊မြေနဲ့ပတ်သတ်လို့ ရပ်ကျေးဥပဒေထဲမှာလဲပါပြီးဖြစ်တယ် ‘ လို့ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှုးကပြောပါတယ် ။

လယ်ယာမြေအကွက်ရိုက် ရောင်းချမှုတွေ ၊သစ်တောမြေအကွက်ရိုက်ရောင်းချမှု ၊တွေ့ရာမြေလက်ညှိုးထိုးရောင်းချနေတဲ့ ကိုယ်ကျိုးရှာသမားအချို့ကြောင့်ပြင်ဦးလွင်မြို့နယ်မှာ ကျူးပြသနာတွေ ဖြစ်ပွားနေပါတယ် ။

ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင့်နိုင်စိုးက ‘မြေနဲ့ပတ်သတ်လို့ ဘာလုပ်ရမယ် ၊မြေနဲ့ပတ်သတ်လို့ ဘယ်လို့စီစဉ်ရမလဲ ဆိုတာ(ရပ်ကျေးဥပဒေ)မှာပါပြီးဖြစ်တယ် ၊မြေနဲ့ပတ်သတ်လို့ ရောင်းစားနေတယ်ဆိုတာ ရောင်းစားခွင့်ရှိတဲ့မြေက ဘာလဲ ၊ရောင်းစားခွင့်မရှိတဲ့ မြေကဘာလဲ သိအောင်လုပ်ဖို့ လိုပါတယ် ၊သိတဲ့အပေါ်မှာမှ ဥပဒေနဲ့အညီ လိုက်နာဖို့လိုပါတယ် ‘လို့ပြောပါတယ် ။

လက်ရှိမှာ နန္ဒဝန်မြို့ကွက်သစ်ကျုးကျော်မှု ၊မြန်မာ့မီးရထားမြေကျုးကျော်မှု ၊ငါးရံ့ချောင်းမြေ ကျုးကျော်မှု ၊ကင်းထောက်မြေ ကျူးကျော်မှု ၊ ရတနာပုံဆီလီကွန်မြေ ကျုးကျော်မှု ၊နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ် ကျူးကျော်မှု ၊ဗဟိုဝန်ထမ်းတက္ကသိုလ် ၊ဗဟိုမီးသတ်သင်တန်းကျောင်း ၊ဗဟို လေ့ကျင့်ရေး ကျောင်းမြေ ကျူးကျော်မှုတွေကို ကိုင်တွယ် ဖြေရှင်းနေတယ်လို့သိရပါတယ် ။

Source: The Morden

Facebook comments