ဟားခါးက သဘာဝဘေးသင့်သူနဲ့ အိမ်ငှားတွေကို မြေကွက်ပေးမည်

ချင်းပြည်နယ် ဟားခါးမြို့က သဘာဝဘေးသင့်သူတွေနဲ့ အိမ်ငှားနေထိုင်သူတွေကို ပြည်နယ်အစိုးရက အိမ်ဆောက်ဖို့ မြေကွက်ချထားပေးမယ်လို့ ဟားခါးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဘွဲ့က ပြောပါတယ်။

ဟားခါးမြို့မှာ မြေပြိုမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသူတွေနဲ့ အိမ်ငှားနေထိုင်ရတဲ့ အိမ်ထောင်စုပေါင်း ၁၅၀၀ ခန့်ကို ဟားခါးမြို့နဲ့ သုံးမိုင်အကွာမှာ မိုးရာသီမရောက်မီ နေရာချထားပေးဖို့ စီစဉ်နေပြီလို့ ဆက်ပြောပါတယ်။

ဦးဇိုဘွဲ့က ‘အိမ်မရှိတဲ့လူတွေကို မြေကွက်အလကားချထားပေးမယ် ၊ အိမ်ဆောက်တာကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆောက်ရမယ် ၊ အိမ်ဆောက်ပြီးရင် ပြန်ရောင်းစားလို့မရဘူး ၊ ရောင်းစားရင် ထိထိရောက်ရောက်အရေးယူသွားမယ်’လို့ ပြောပါတယ်။ 

ချင်းပြည်နယ်ဟားခါးမြို့မှာ မြေပြိုမှုကြောင့် နေအိမ်မဲ့သူတွေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆိုတောင်းတောင်အနီးမှာ အိမ်ရာတည်ဆောက်ချထားပေးခဲ့ပေမဲ့ ယခုအချိန်အထိ အစိုးရက နေရာချထားပေးတဲ့အိမ်တွေမှာ မနေရသေးဘူးလို့ ဟားခါးမြို့ဒေသခံ ဦးကျွင့်ဟန်မ့် ကပြောပါတယ်။

Source: The Kumudra

Facebook comments