အကျိုးဆောင်လိုင်စင်ထုတ်ပေးတာနဲ့ပတ်သတ်ပြီးကန့်ကွက်မှုတွေရှိနေ

အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ထုတ်ပေးထားသူတွေကိုသာလုပ်ငန်းလုပ်ကိုင်ခွင့်ပြုတာနဲ့ပတ်သတ်ပြီး အသင်းတစ်ခုနဲ့တစ်ခုအပြန်အလှန်ကန့်ကွက်မှုတွေရှိနေတယ်လို့ သိရပါတယ် ။
‘နိုင်ငံသားတိုင်းလုပ်စားလို့ရတဲ့ စီးပွားရေးဖြစ်လို့ လိုင်စင်နဲ့မှလုပ်ကိုင်ခွင့်ပြုတဲ့ကိစ္စကို လိုင်စင်မလိုအောင် အဆုံးထိကန့်ကွက်သွားမယ်’လို့ရန်ကုန်တိုင်းအိမ်ခြံမြေအသင်းက ဦးစိုင်းခွန်နောင်က ပြောပါတယ် ။
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ငန်း လုပ်ကိုင်ခွင့်တရားဝင်လိုင်စင်ထုတ်ပေးဖို့
မြန်မာနိုင်ငံအိမ်ခြံမြေအသင်းက တင်ပြခဲ့တာဖြစ်ပါတယ် ။လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီးလိုင်စင်သတ်မှတ်ချက်ပေါ်ထွက်လာရင် တော့လိုင်စင်ရှိသူတွေသာ
လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ် ။

Source :The Kumudra

Facebook comments