အိမ်မြံမြေဈေးကွက် သည်နှစ်အတွင်း ကောင်းမွန်လာနိုင်

အိမ်ခြံမြေဈေးကွက်အနေနဲ့ လက်ရှိထက် ဆိုးရွားတဲ့အခြေအနေမဖြစ်နိုင်တော့ဘဲ ပြည်လည်ကောင်းမွန်လာဖို့သာရှိတော့တယ်လို့ စီးပွားရေးပညာရှင်ဒေါက်တာမောင်အောင်ကပြောပါတယ် ။
‘အိမ်ခြံမြေဈေးကွက်အခြေအနေကို ပြောမယ်ဆိုရင် လက်ရှိအချိန်က အဆိုးရွားဆုံးအချိန်ပဲ ၊
အရောင်းသီးသန့်ပဲရှိပြီး အဝယ်အားလုံးပျောက်နေတာ ၊မြန်မာနိုင်ငံရဲ့စီးပွားရေးဈေးကွက်က အစိုးရသစ်နောက်ပိုင်းကောင်းလာဖို့ပှဲရှိတော့ဈေးကွက်တွေအကုန်ဒီနှစ်အတွင်း ကောင်းမွန်လာနိုင်တယ် ‘ 
လို့ပြောပါတယ် ။
မြန်မာနိုင်ငံစီးပွားရေးဈေးကွက်အတွက် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသွားဖို့ရှိသလို နိုင်ငံခြားက စီးပွားရေးစိတ်ဝင်စားမှုတွေလည်း များပြားနေတာကြောင့်ဖြစ်ပါတယ် ။ကုန်သွယ်ရေးလုပ်ငန်းပိုင်းတွေမှာ အရေးပါတဲ့မြို့ဖြစ်တဲ့ ရန်ကုန်မှာ လုပ်ကွက်ကောင်းနိုင်သလို 
ရေနက်ဆိပ်ကမ်းမြို့တွေဖြစ်နိုင်တဲ့ တနသာင်္ရီတိုင်း ၊ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာလည်း အိမ်ခြံမြေဈေးကွက်တွေ ကောင်းမွန်လာနိုင်ပါတယ် ။
အိမ်ခြံမြေဈေးကွက်အနေနဲ့ နိုင်ငံခြားသားတွေအတွက် အဆင့်မြင့်အိမ်ရာတွေ လိုအပ်သလိုမကြာခင်လွှတ်တော်က အတည်ပေးတော့မယ့် ကွန်ဒိုဥပဒေကြောင့်လည်း နိုင်ငံခြားသားအခန်းပိုင် ဆိုင်ခွင့်တွေလည်းရမှာဖြစ်လို့ ဈေးကွက်တွေ ကောင်းလာနိုင်မှာဖြစ်ပါတယ် ။

Source :The Kumudra

Facebook comments