ဗိုလ်ချုပ်ဈေးဆိုင်ခန်းငှါးရမ်းခ ယခင် နှစ်ထက် မြင့်တက်နေ
ဗိုလ်ချုပ်ဈေးရှိဆိုင်ခန်းငှါးခတွေဟာ အရင်နှစ်က ထက် မြင့်တက်နေတယ်လို့ သိရပါတယ်။ အခုနှစ် ဇန်န၀ါရီလက စပြီး ပိုမို မြင့်လာတာပါ။ ဗိုလ်ချုပ်ဈေးအရှေ့ဘက်တန်း ဆိုင်ခန်းငှါးရမ်းခက အရင်က တစ်လကို ကျပ် ၁၀ သိန်း ကျော်ဖြစ်ပါတယ်။ အခုနှစ်မှာ တစ်လကို သိန်း ၂၀ အထိ မြင့်တက်လာတယ်လို့ ကျောက်မျက်ရတနာ အလှပစ္စည်းဆိုင် ငှါးရမ်းသူတစ်ဦးဆီက သိရတယ်။ သူက ရောင်းအားမကောင်း တဲ့အချိန် ဆိုင်ခန်းဈေးတက်တော့ အခက်အခဲ နည်းနည်းတော့ ရှိတာပေါ့လို့ ဆိုပါတယ်။ ဆိုင်ခန်းငှါးရမ်းခမြင့်တက်လာလို့ အရင်နှစ်ကလောက် အမြတ်ငွေ သိပ်မရှိဘူးလို့ သိရတယ်။ အရင်တုန်းက တစ်လသုံး သိန်းကျပ်ပေးရတယ်၊ အခုက တော့ ၃၅၀၀၀၀ ဖြစ်သွားပြီလေ၊ ၅၀၀၀၀ လောက်တော့ ပိုပေးရတာပေါ့ လို့ ဈေးအတွင်းဘက်တန်းရှိ ပန်းချီကားအရောင်းဆိုင် ငှါးရမ်းသူတစ်ဦးက ပြောပါတယ်။ ဗိုလ်ချုပ်ဈေးမှာ ဆိုင်ခန်းဝယ်ယူသူတွေ များပြီး ရင်းနှီးမြှုပ်နှံမှု ပိုမိုများလာလို့ ဆိုင်ခန်းငှားခဈေးတွေပါ လိုက်တက်တာလို့ ဆိုပါတယ်။Source: The Modern
Facebook comments