ဆောက်လုပ်ရေးတချို့ အကျိုးဆောင်နဲ့ ပေါင်းပြီး ၀ယ်လက်ရှာလာကြ

ကန်ထရိုက်တိုက်ခန်းအရောင်းထွက်ဖို့ အတွက် ဆောက်လုပ်ရေးတချို့ အကျိုးဆောင်နဲ့ ဆက်သွယ်ပြီး ၀ယ်လက်ရှာရတာတွေ ရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့ထံက သိရပါတယ်။

အရင်ကဈေးကွက်မှာဆိုရင် အရောင်းဖွင့်ထားလို့ရှိရင် သူ့ဟာသူ လာမေးကြတာရှိသလို အွန်လိုင်းတင်ပြီး ဈေးဖွင့်ရင်လည်း အ၀ယ်လိုက်တယ် အခုနောက်ပိုင်းကျတော့ အရောင်းဖွင့်ရန် အွန်လိုင်းဈေးကွက်မှာက တအားဈေးနိမ်ခေါ်တာတွေ ရှိသလိုမဖြစ်နိုင်တဲ့ ဈေးလာပေးတာတွေရှိလို့ အက်ျိုးဆောင်နဲ့ ဆက်သွယ်ပြီး တော့ပဲလုပ်ဖြစ်တော့တယ် လို့ အံ့ထူးဆောက်လုပ်ရေးလုပ်ငန်းက မန်နေဂျာကိုမင်းမင်းက ပြောပါတယ်။

နောက်ပိုင်းဆောက်လုပ်တဲ့ ကန်ထရိုက်တိုက် အများစုကို အကျိုးဆောင်နဲ့ တိုက်ရိုက်ချတ်ဆက်ပြီး ရောင်းချတာတွေရှိသလို အွန်လိုင်းဈေးကွက်မှာလည်း အကျိုးဆောင်ခကို အတိအကျဖော်ပြပြီး ဈေးကွက်ရှာတာတွေ ရှိလာပါတယ်။လက်ရှိသက်မှတ်ထားကြတဲ့ အကျိုးခတွေကတော့ ပုံမှတ်အားဖြင့် နှစ်ရာခိုင်နှုန်းဖြစ်ပြီး တစ်ဦးထက်ပိုတဲ့ အကျိုးဆောင်တွေကိုလည်း အချိုးကျ နှစ်ရာခိုင်နှုန်းခွဲဝေပေးကြတာဖြစ်ပါတယ်။

သည်လိုလုပ်ဆောင်မှုတွေကို အရင်သင်္ဃန်းကျွန်းဘက်မှာသာ များပေမဲ့ အခုနောက်ပိုင်းမှာတော့ ရန်ကုန်မြို့က နာမည်ကြီးကွန်ဒိုတွေမှာပါ တရားဝင် လုပ်ဆောင်လာကြပါတယ်။ကွန်ဒိုတွေအတွက် အကျိုးဆောင်ခကိုတော့ ဈေးနှုန်းအနည်းအများအပေါ် မူတည်ပြီးနှစ်ရာခိုင်နှုန်းလောက်အထိ ပေးတာတွေရှိပြီး အကျိုးဆောင်ဝန်ဆောင်မှုအသင်းနဲ့ ပူးပေါင်းပြီး ဈေးကွက်ရှာနေတာတွေ ရှိပါတယ်။

တချို့ဆောက်လုပ်ရေး အေ၇ာင်းဆိုင်းဘုက်တွေမှာတော့ အရောင်းအတွက် အကျိုးဆောင်ခေါ်ယူမှုကို တရားဝင်ရေးထားတာမျိုးတွေရှိပြီး စိတ်ဝင်စားသူတိုင်းကို အကျိုးဆောင်ခွင့်ပြုတဲ့ ပုံစံနဲ့ ဈေးကွက်ကို ရှာဖွေတွေ့ရှိနေပါတယ်။

သည်လိုအကျိုးဆောင်နဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေကို ကန်ထရိုက်တိုက်တွေမှာတော့ အကြမ်းထည်ပြီးစီးချိန်တွေမှာ စတင်ပြီးတချို့တိုက်ခန်းတွေကတော့ မစခင်ကတည်းက ဆက်သွယ်အကောင်အထည်ဖော်တာတွေရှိတယ်လို့ သိရပါတယ်။

Source: The Kumudra

Facebook comments