အိမ်ခြံမြေ အပေါင်ဘက်လှည့် ပေါက်ဈေးထက် ငါးဆလောက်လျော့

အိမ်ခြံမြေ အရောင်းဈေးကွက် အများစု ရောင်းမထွက်တာကြောင့် အပေါင်ဘက်လှည့်ပြီး ဈေးကွက်ရှာရတာတွေရှိလာတယ်လို့ အကျိုးဆောင်တစ်ချို့ထံကသိရပါတယ်။

အခုနောက်ပိုင်းအရောင်းမလိုက်တော့ ငွေလိုတယ်ဆိုရင် အပေါင်ဘက်ကို လိုက်ပြီးစပ်ရတယ်၊ အပေါင်ဆိုရင် မူလပေါက်ဈေးထက် ငါးဆလောက်လျော့တယ် ဒါတောင်ယူတဲ့ သူကနည်းတယ် လို့ သုခအကျိုးဆောင်က ကိုအောင်ပိုင်က ပြောပါတယ်။

ဈေးနှုန်းမြင့်မားတဲ့ အိမ်ခြံမြေတွေကို အပေါင်လက်ခံကြတာများပြီး ဈေးနှုန်းအနေနဲ့ ကျပ် သိန်း ၁၀၀ အောက်သာ ဈေးဖွင့်တာကြောင့်ဈေးအရနည်းပါးတာတွေ ရှိနေပါတယ်။တချို့ ဈေးနည်းတဲ့ မြေကွက်တွေကိုတော့ သိန်းဂဏန်းလောက်သာပေးပြီး အပေါင်ခံသူအများစုက အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုပြီး နားလည်မှုယူကြတာဖြစ်ပါတယ်။

အပေါင်လက်ခံတဲ့ မြေအမျိုးအစားတွေကတော့ ဂရန်မြေကိုလက်ခံကြတာများပြီး ပါမစ်မြေနဲ့ စလစ်မြေတွေကိုတော့ သက်ဆိုင်ရာ မြေစားရင်းဌာနတွေမှာ စစ်ဆေးပြီးမှသာ လက်ခံကြတာများတယ်လို့ သိရပါတယ်။အပေါင်ဈေးကွက်ထဲမှာ တိုက်ခန်းအပေါင်တွေလည်း ပါဝင်ပြီး တိုက်ခန်းအပေါင်ကိုတော့ တကယ့်ဈေးကွက်ထက် ၁၀ ဆလောက် ဈေးနိမ့်ပြီး အရာင်းပုံစံနဲ့ အပေါင်ပေးတာတွေရှိပါတယ်။

အစိုးရနဲ့ ဆက်စပ်တဲ့ ဘဏ်တွေရဲ့ အပေါင်အများစုက ဈေးနှုန်းအရ အတိုးနှုန်းသက်သာပေမဲ့ အနည်းဆုံးအချိန်သုံးလလောက်ပေးရသလို စစ်ဆေးမှုတွေလည်း များတာကြောင့် အမှန်တကယ် ငွေကြေးလိုအပ်သူတွေအနေနဲ့ အပြင်ဘက်ကအပေါင်ခံသူတွေကိုသာ အားထားကြတာဖြစ်ပါတယ်။လက်ရှိအပေါင်ဈေးကွက်ကတော့ ကျပ်သိန်း ၅၀၀ တန် မြေကွက်တွေကို သိန်း ၁၀၀ ကျော်လောက်ဈေးဖြတ်ပြီး သိန်း ၁၀၀ အောက်မြေကွက်တွေကိုတော့ သိန်း ၂၀ လောက်နဲ့ ဈေးဖြက်တာတွေရှိတယ်လို့ သိရပါတယ်။အတိုးနှုန်းတွေကတော့ အစားစားရှိပြီး အများစုကတော့ ငါးကျပ်နဲ့ ရှစ်ကျပ်ကြား ယူတာများတယ်လို့ သိရပါတယ်။

Source: The Kumudra

Facebook comments