ကွန်ဒိုတည်ဆောက်မှုတွေ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိသင့်
ကွန်ဒို တည်ဆောက်မှုတွေက အရောင်းအ၀ယ်ဈေးကွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆောက်လုပ်မှုတွေဖြစ်သင့်တဲ့ အပြင် ဥပဒေနဲ့ အညီဖြစ်ဖို့လည်း သက်မှတ်ထားတဲ့ အချက်တွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ကွန်ဒိုအမည်ခံတွေ ဈေးကွက်ထဲမှာရှိတာကြောင့် ဖြစ်သင့်တဲ့ အခြေအနေတွေနဲ့ ၀ယ်ယူသူတွေအတွက်ပါ သိရှိနားလည်ထားသင့်တာတွေရှိတယ်လို့ ပြောပါတယ်။ကွန်ဒိုတည်ဆောက်မှု အများစုက ဈေးကွက်အရလိုအပ်တာထက် ကျော်လွန်နေတာတွေ ဈေးကွက်ရပြီးသားနေရာတွေမှာပဲ ပြုံနေတာတွေ၊လိုအပ်ချက်ကြောင့်မဟုတ်ပဲ မြေနေရာတွေကြည့်ပြီး တည်ဆောက်တာတွေလည်းရှိပါတယ်။ဘီအိုတီစနစ်နဲ့ တည်ဆောက်တဲ့ ကွန်ဒိုတွေအတွက် အချိုးကျမြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ကွန်ဒို ဥပဒေအတိုင်း ခံစားခွင့်ရဖို့က မြေပိုင်ဆိုင်တဲ့ ၀န်ကြီးဌာနတွေက အသိအမှတ်ပြုရင်ရပါတယ်။အဓိကလိုအပ်တာတွေတော့ မြေပိုင်ဆိုင်တဲ့ ၀န်ကြီးဌာနကနေ ကွန်ဒိုအ ဆောက်အအုံမြေအတွက် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပေးဖို့ လိုအပ်တာဖြစ်တယ်လို့ သိရပါတယ်။ဘီအိုတီရဲ့ သက်တမ်းအတိုင်း မြေပိုင်ဆိုင်ခွင့်ကို ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ရောင်းဖို့အသင့်ဖြစ်နေတဲ့ အခန်းတွေရှိပေမဲ့ ရင်းနှီးမြုပ်နှံသူတွေက ဥပဒေရဲ့ တည်ငြိမ်မှုတွေကို စောင့်ကြည့်နေကြတဲ့ အတွက် ဈေးကွက်ကနှေးနေသေးတာဖြစ်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ပိုင်ဆိုင်မှုဈေးကွက်ကို အခွန်နဲ့ ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်မယ်ထင်တာပဲ ၊မြေပိုင်ဆိုင်မှု စနစ်နဲ့ ကားရပ်နားဖို့ အခက်အခဲတွေ လိုအပ်ချက်တွေတော့ရှိသေးတယ် လိုအပ်တာထက် အခန်းတွေက ပိုများနေတော့ ဈေးကွက်က ထင်သလောက်လဲ မဖြစ်ဘူး၊ နိုင်ငံခြားသားဈေးကွက်ကို မျှော်ကြပေမဲ့ ထင်သလောက်မ၀င်တော့ ဈေးကွက်အေးနေသေးတာလို့ ပြောပါတယ်။ဈေးကွက်ထဲမှာက လိုအပ်ချက်ကြောင့်မဟုတ်ပဲမြေနေရာတွေကြောင့် ၀န်ဆောင်မှုပေးတဲ့ ကွန်ဒိုတွေများပြီး နေထိုင်ဖို့ကနည်းတယ်။ဈေးကွက်လွယ်တာကြောင့် ရှိပြီးသားနေရာတွေမှာပဲ စုပုံနေတာ ဈေးကွက်တင်တာတွေဖြစ်နေကြတာပါ။ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်က ကွန်ဒိုတွေကတစ်ခုနဲ့ တစ်ခုကနီးတယ်ဈေးကွက်က အပြိုင်လိုပဲဆောက်နေကြတာ တကယ်ဝယ်လိုအားရှိလားဆိုတော့မရှိဘူး ဈေးကွက်ကတည်ဆောက်မှုတွေတော့ရှိတယ်၊အ၀ယ်ကတော့ မရှိဘူးလို့ပြောပါတယ်။ကျွမ်းကျင်သူတချို့ကတော့ ကွန်ဒိုတည်ဆောက်မှုတွေမှာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဆောက်လုပ်မှုတွေဖြစ်ဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။ Source: The Kumudra
Facebook comments