ကွန်ဒိုအိမ်ရာစီမံကိန်းတွေရဲ့ ပြီးစီးမှုအခြေအနေ

ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ ကွန်ဒိုအိမ်ရာစီမံကိန်းတွေရဲ့ လက်ရှိဆောက်လုပ်အကောင်အထည်ဖော်မှုတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဟောင်အင်းဂရီလာ

အဆိုပါစီမံကိန်းမှာ စီပွားရေးလုပ်ငန်းရှင်တွေ ငှားရမ်းနိုင်တဲ့ နေရာတွေ ၊ ရုပ်ရှင်ရုံ ၊ ရှော့ပင်းမောလ် ၊ ဖျော်ဖြေရေးစင်တာ ၊ အခန်းပေါင်း ၃၆၀ ပါဝင်တဲ့ လူနေတာဝါနှစ်လုံးနဲ့ အခန်းပေါင်း ၆၇၅ ခန်းပါဝင်တဲ့ လူနေတာဝါ သုံးလုံးတို့ကို ဆောက်လုပ်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ် ။ ဟောင်အင်းဂရီလာ ဂရု(ပ်)အနေနဲ့ မြန်မာနိုင်ငံတွင်း အမေရိကန်ဒေါ်လာ သန်း ၄၄၀ လာရောက်ရင်းနှီးမြှုပ်နှံ ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့ မြန်မာပလာဇာနဲ့ လူနေအိမ်ခန်းတွေကို ငှားရမ်းအသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်။

စီမံကိန်းအားလုံးကို ကမ္ဘာအေးဘုရားလမ်း လမ်းနီမှတ်တိုင်အနီးမှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပြီး စီမံကိန်းတွေကို အပိုင်းလိုက်ခွဲခြားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဗီယက်နမ်အနေနဲ့ မြန်မာပြည်မှာ တခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တာတွေရှိပေမဲ့ ဟောင်အင်းဂရီလာကတော့ လက်ရှိအကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေပြီးမှသာ တခြားပြည်နယ်နဲ့ တိုင်းတွေမှာ စီမံကိန်းတွေဆက်လက်လုပ်ဆောင်ဖို့ စဉ်းစားသွားမယ်လို့ သိရပါတယ်။

အင်နိုစီးတီးအိမ်ရာစီမံကိန်း

အင်နိုစီးတီးစီမံကိန်းကို မြေဧက ၇.၆၂၉ ဧကပေါ်မှာ အမေရိကဒေါ်လာသန်း ၁၂၀ အကုန်ကျခံဆောက်လုပ်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောတူညီချက်ရရှိပြီးဖြစ်လို့ စီမံကိန်းကိုလာမယ့် ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းအပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။ လူဦးရေ ၅၀၀၀ ဝန်းကျင်အထိ နေထိုင်နိုင်မှာဖြစ်ပါတယ်။

အဆောက်အအုံတွေကတော့ လူနေအိမ်ခန်း ၂၁၆ ခန်းပါဝင်တဲ့ အထပ် ၃၀ အမြင့်အဆောက်အအုံ နှစ်လုံး ၊ လူနေအိမ်ခန်း ၁၀၄ ခန်းပါဝင်တဲ့ ၂၉ ထပ်မြင့် အဆောက်အအုံ သုံးလုံး ၊ ၁၃ ထပ်အမြင့် ဟိုတယ်တစ်လုံး ၊ အဝေးပြေးယာဉ်ရပ်နားစခန်း ၊ ခန်းမဆောင် ၊ရှော့ပင်းမောလ် စတာတွေပါဝင်ပါတယ်။ ယာဉ်အစီးရေ ၁၁၃၉ စီးရပ်နားနိုင်တဲ့ ကားပါကင်စနစ်နဲ့ သုံးရေနဲ့မီး သတ်ရေ သိုလှောင်စနစ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Source: The Modern

Facebook comments