စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးသော်လည်း လယ်ယာ ပေါင်နှံခွင့်စနစ် ဖြစ်ပေါ်လာရေးသာ တောင်းဆို

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးမည့် မူဝါဒ သစ်တစ်ရပ် ထွက်ပေါ်လာသော်လည်း လယ်သမား
များအတွက် အမှန်တကယ် အကျိုးရှိရန် လယ်ယာပေါင်နှံခွင့် ရရှိရေး မူဝါဒကိုသာ
ချမှတ်ပေးစေလိုကြောင်း လွတ်လပ်သော တောင်သူလယ်သမား အသင်းအဖွဲ့ ဥက္ကဋ္ဌ
ဦးသိန်းအောင်က ပြောသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ယခင်က စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် 
ကျပ်တစ်သိန်းသာ ထုတ်ချေးခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲအထိ 
တိုးမြှင့် ထုတ်ချေးပေးမည်ဟု ဘဏ်တာဝန်ရှိသူများက ပြောကြားထားသည်။

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးခြင်းတစ်ခုတည်းဖြင့် တောင်သူလယ်သမားများ အဆင်ပြေရန်
မဖြစ်နိုင်သေးခြင်းကြောင့် လယ်ယာမြေပေါင်နှံခွင့် ရရှိရေးမူဝါဒကိုသာ တောင်းဆိုသွားမည်ဟု
ဦးသိန်းအောင်က ဧပြီ ၂၇ ရက်တွင် ပြောသည်။ "စိုက်စရိတ်တစ်ဧက ၅၀,၀၀၀ တိုးပေးတာက
တကယ်အဆင်ပြေတဲ့မူ မဟုတ်ဘူး။ စိုက်စရိတ်ပေးတာက လယ်သမားတစ်ဦးကို ၁၀ ဧက
အထိပဲ ချေးပေးတာဖြစ်တယ်။ ၁၀ ဧကအထက်ရှိတဲ့ လယ်သမားတွေက အပြင် မှာ
ပြန်ချေးရတာဖြစ်တော့ ဒါက ဘယ်လိုမှ အဆင်ပြေတဲ့မူဝါဒ မဟုတ်ဘူး။ လယ်ယာ
ပေါင်နှံခွင့်ကို ငါးနှစ်အထက် ကာလရှည် ချေးငွေပုံစံမျိုး ဖြစ်လာတော့မှသာ လယ်
သမားတွေက ခံသာသွားမှာပါ။ ဒီမူဝါဒကို လည်း စာရွက်စာတမ်း အပြည့်အစုံရှိတဲ့ လယ်ကို
အပေါင်ခံပြီး ပြန်မဆပ်နိုင်တဲ့ လယ်မြေကို သိမ်းခွင့်ရှိတဲ့ မူနဲ့ဆိုရင် ဘဏ်အတွက်လည်း
အဆင်ပြေတယ်။ သိမ်းထားတဲ့ လယ်တွေကို လည်း ဘဏ်ကတစ်ဆင့် ဈေးနှုန်းသတ်မှတ်ပြီး လယ်သမားတွေ လေလံပြန်ဆွဲဝယ်ယူနိုင်အောင် လုပ်ပေးတဲ့ မူဝါဒဖြစ်လာဖို့ အစိုးရက
ဆောင်ရွက်ပေးစေချင်တယ်" ဟု ၎င်းက ပြောသည်။

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့သည် 
ဧပြီလ အစောပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်စပါးကဏ္ဍနှင့် ပတ်သက်၍ မူဝါဒသစ်များ
ချမှတ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ဆန်စပါးကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် အချက်
၁၉ ချက်ပါသော မူဝါဒသစ်ကို မြန်မာ နိုင်ငံ ဆန်စပါအသင်းချုပ်က ဧပြီ ၈ ရက် တွင် ထုတ်ပြန်
ခဲ့သည်။ အဆိုပါ မူဝါဒ ၁၉ ချက်တွင် စိုက်ပျိုးစရိတ် တိုးမြှင့်ပေးရေးအပြင် တောင်သူများအခက်
အခဲမရှိစေရန် ချေးငွေပြန်ဆပ်ချိန် ကာလ တိုးမြှင့်ပေးရေး မူဝါဒတစ်ရပ်လည်း ပါဝင် သည်။
တောင်သူလယ်သမားများအတွက် ကာလတို၊ ကာလလတ်နှင့် ကာလရှည် ချေးငွေ များ ရရှိ
လာရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ 
ယခင်က ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သော တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် 
အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကိုလည်း ထိရောက်သည့် ဥပဒေ ဖြစ်လာရန်နှင့် တိကျစွာ
ဆောင်ရွက်နိုင်ရန် အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာ မူဝါဒကိုလည်း ထည့်သွင်း
ထားသည်။ ပို့ကုန်ကဏ္ဍအတွက်လည်း မြန်မာနိုင်ငံက ဆန်တင်ပို့လျက်ရှိသည့် နိုင်ငံများသို့ 
ပိုမိုတင်ပို့နိုင်ရေးအတွက် အခြားနိုင်ငံများနှင့် အစိုးရအဖွဲ့အချင်းချင်း ပါဝင် ညှိနှိုင်းပေးရန် 
အချက်ကိုလည်း မူဝါဒသစ်အဖြစ် သဘော တူညီခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ပုံမှန်တည်ငြိမ်သည့် ဈေးကွက်ဖြစ်ရေး အစိုးရအဖွဲ့က 
ပူးပေါင်းပါဝင်ပေးရန် အချက်လည်း ပါဝင်သည်။ ဆန်စက်များ ဖွံ့ဖြိုးရေးအတွက် နယ်မြေ
အသီးသီးတွင် ဆန်စက် မှတ်ပုံတင်ရယူရာ၌ လွယ်ကူ ရိုးရှင်း ပြီး စနစ်ကျရန်အတွက်
အစိုးရက ပါဝင်ကူညီ ပေးရေးကိုလည်း သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဆန်စပါအသင်းချုပ်က ထုတ်ပြန်ခဲ့သည့် ဆန်စပါးမူဝါဒ ၁၉ ချက်တွင် 
လယ်ယာမြေ ပေါင်နှံခွင့်အတွက် ထည့်သွင်း ထားခြင်းမရှိသဖြင့် အစိုးရအဖွဲ့က ပါဝင်ဆောင်ရွက်ပေး
သင့်ကြောင်း ဦးသိန်းအောင် က ပြောသည်။

"လယ်ယာမြေပေါင်နှံခွင့်နဲ့ ပတ်သက်လို့ ကတော့ မူက ရှိပါတယ်။ ဒါပေမဲ့ အဲဒါကို ဘယ်ဘဏ်ကမှ 
လက်မခံကြဘူး ဖြစ်နေတယ်။ လက်ရှိအနေအထားမှာက စက်ရုံတွေ၊ အိမ် တွေ ပေါင်နှံတာတောင်မှ
ချေးငွေရဖို့ အခက် အခဲ ဖြစ်နေတော့ လယ်ယာမြေကိစ္စက တော် တော် အခက်အခဲရှိနေတယ်။ 
ကျွန်တော်တို့က တော့ ဒီကိစ္စဖြစ်လာဖို့ တောင်းဆိုတာတွေ ရှိသလို ဘဏ်တွေကိုလည်း 
တိုက်တွန်းနေတယ်။ ဒါပေမဲ့ ဘဏ်ဘက်ကကြည့်တော့ လည်း မဆပ်နိုင်ရင် သိမ်းဆည်းဖို
့ဆိုတာက ပြဿနာတစ်ရပ်ရှိတော့ အန္တရာယ်အရမ်း များတဲ့အချက် ဖြစ်နေတယ်။ ဒါကြောင့် ဒီကိစ္စက 
တစ်ဖက်တည်း ပြောလို့မရဘဲ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးပွဲကြီးတစ်ခု လုပ်ပြီး ညှိရမယ့် အနေ
အထား ဖြစ်နေတယ်။ ကျွန်တော်တို့က နိုင်ငံခြားဘဏ်တွေကို လုပ်ခွင့်ပေးဖို့တောင်း ဆိုပေမယ့်
ပြည်တွင်းဘဏ်တွေ ပြိုလဲမယ်ဆိုတဲ့ အချက်ကလည်း ဖြစ်နေတာရှိတယ်။ အသင်းအနေနဲ့တော့
မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ ညှိနှိုင်းပြီး ဓနုဖြူနဲ့ အခြားတစ်နေရာမှာ အစမ်းသဘော လုပ်နေတာတော့
ရှိတယ်။ ဘဏ်တွေမှာ ဖြစ်လာဖို့ဆိုတာကတော့ ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးရမယ့်အချက် ဖြစ်နေ
တယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

သင်္ကြန်မတိုင်မီကာလအတွင်းက နွေရာသီ စပါး တင်း ၁၀၀ လျှင် ကျပ် လေးသိန်းကျော်ဈေးသို့
ကျဆင်းခဲ့သည့်အတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တောင်သူများက အစိုးရ အဖွဲ့ထံ 
အကူအညီတောင်းခံသည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ကြသည်။ ယင်း နောက်ပိုင်းတွင်
ဆန်စက်လုပ်ငန်းရှင်များကို အစိုးရအဖွဲ့က တောင်းဆိုမှုများ ရှိခဲ့ရာ လက်ရှိ တွင် စပါးတင်း ၁၀၀ လျှင် 
ကျပ် ၅၂၀,၀၀၀ အထိ ဈေးပြန်လည် မြင့်တက်လာခဲ့ကြောင်း လွတ်လပ်သော တောင်သူလယ်သမား
အသင်းအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

"စပါးဈေးကတော့ ပြန်လည် မြင့်တက်လာ ခဲ့ပေမယ့် တစ်တင်း ၄၆ ပေါင်ဆိုတဲ့ ချိန်တွယ်မှု
မရှိတော့ဘဲ တစ်တင်းကို ပေါင် ၅၀ ကျော် ရှိရမယ်ဆိုတဲ့ ချိန်တွယ်စနစ်က အားလုံးဖြစ် သွား
တယ်။ အဲဒီတော့ ၄၆ ပေါင်နဲ့ ချိန်ရင်တော့ တကယ်ဖြစ်လာတဲ့ စပါးဈေးက ၄၆၀,၀၀၀ ဈေးလောက်ပဲ
ရှိတော့တာပေါ့။ ဒါပေမဲ့လည်း မရှုံးဘူးဆိုတဲ့ အနေအထားဖြစ်လာတော့ ဘာမှ ပြောစရာမရှိတော့
ပါဘူး"ဟု ဦးသိန်း အောင်က ပြောသည်။

Source: The Myanmar Times

Facebook comments