ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုပြယုဂ်ဖြစ်လာမည့် INNO CITY စီမံကိန်းစတင်

ရန်ကုန်မြို့ပြ၏ ဖွံ့ဖြိုးတိုးတက်မှုပြယုဂ်တစ်ခုဖြစ်လာမည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် တောင်ကိုရီးယားသမ္မတနိုင်ငံINNO Group ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့်INNO CITY အမည်ရှိ စုပေါင်းအဆောက် အအုံစီမံကိန်း အုတ်မြစ်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းနှင့် ပါရမီလမ်းထောင့်ရှိ စီမံကိန်းမြေနေရာ၌ ကျင်းပသည်။

''ကျွန်တော်တို့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် မြို့ပြရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးရုံမက မြို့ပြရဲ့ ဖွံ့ဖြိုးမှုပြယုဂ်ကို ထင်ဟပ်ဖော်ဆောင် သွားနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ စီမံကိန်းကြီးအဖြစ် ပေါ်ပေါက်လာမှာဖြစ်တဲ့ အပြင် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေလည်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်မှာဖြစ်သလို မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုကိုလည်း မြှင့်တင်သွားနိုင်မှာ ဖြစ်ပါ တယ်''ဟု မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် မန်နေဂျင်းဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်းက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး(ငြိမ်း)၊ ကိုရီးယားသံအမတ်ကြီး ကီဗင်ဆွန်၊ INNOကုမ္ပဏီဥက္ကဋ္ဌ ဆောင်ဆွန်ဆမ်း အစရှိသော ကိုရီးယားနိုင်ငံမှ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ယင်းစီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ပိုင်မြေ ၇ ဒသမ ၆၂၉ ဧကပေါ်တွင် တောင်ကိုရီးယားနိုင်ငံမှINNO ကုမ္ပဏီက အမေရိကန် ဒေါ်လာသန်း ၁၂ဝ ရင်းနှီးမြှုပ်နှံကာ လူနေအိမ်ခန်းပေါင်း ၂၁၆ ခန်းပါ အထပ် ၃ဝ မြင့် အဆောက်အအုံနှစ်လုံး၊ လူနေအိမ်ခန်း ၁ဝ၄ ခန်းပါ ၂၉ ထပ်မြင့် အဆောက်အအုံ သုံးလုံး၊ ၁၃ ထပ်မြင့် ဟိုတယ်တစ်လုံး၊ အဝေးပြေး ယာဉ် ရပ်နားစခန်း၊ conver- tion centre,Shopping mall တို့ကို တည်ဆောက်သွား မည်ဖြစ်ကြောင်း ယင်းတည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁၈ ခုနှစ်အကုန် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း၊ စီမံကိန်းပြီးစီးသွားပါက လူဦးရေ ၅ဝဝဝ နေထိုင် နိုင်မည့် သီးသန့်မြို့ငယ်တစ်ခုအဖြစ် နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သဘောတူညီချက်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် (MIC) တို့၏ခွင့်ပြုချက်ရယူကာ ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီအောက်ရှိ ဌာနများ၊ မီးသတ်ဦးစီးဌာနတို့ ညှိနှိုင်းပေါင်းစပ်၍ စီမံကိန်း လုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် ကိုရီးယားကုမ္ပဏီများကBOT စနစ်နှင့်လည်းကောင်းJV စနစ်နှင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Source: MOI Webportal Myanmar

Facebook comments