အစိုးရသစ်က ကျူးကျော်များကို အတင်းအကျပ်နှင်ထုတ်မည့် မူဝါဒမရှိဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပြော

လက်ရှိအစိုးရသစ်အနေဖြင့် ကျူးကျော်နေပြည်သူများကို အင်အားသုံးအတင်းအကျပ်နှင်ထုတ်သည့် 
မူဝါဒလမ်းစဉ်မရှိဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီးဖြစ်သူ ဒေါက်တာ
သန်းမြင့်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

လှိုင်သာယာမြို့နယ် ဘီအိုစီမှတ်တိုင်အနီး စက်မှုဇုန်အတွင်းရှိ ကျူးကျော်နေပြည်သူများ ပြုလုပ်ခဲ့သည့်
အတင်းအကျပ်နှင်မထုတ်ရေးနှင့် ကျူးကျော်နေပြည်သူများအခြေအနေ သတင်းစာရှင်းလင်းပွဲနှင့် 
ပတ်သက်ပြီး လှိုင်သာယာမြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲအောင်နိုင်ပြီး
ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်လာခဲ့သူ ဒေါက်တာသန်းမြင့်ကို ဆက်သွယ်မေးမြန်းရာတွင်  အထက်ပါ
အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့အစိုးရသစ်မှာ ကျူးကျော်တွေကို အင်အားသုံးနှင်ထုတ်တဲ့ ပေါ်လစီမရှိပါဘူး။ ကျူးကျော်နေ
ပြည်သူတွေကို အကောင်းဆုံးအကြံပေးချင်တာကတော့ ရန်ကုန်တိုင်းအစိုးရအသစ် ဖွဲ့စည်းပြီးဖြစ်ပါ
တယ်။ မိမိတို့ကျူးကျော်နေထိုင်သူတွေရဲ့ အခြေအနေအခက်အခဲတွေကို သက်ဆိုင်ရာလွှတ်တော်
ကိုယ်စားလှယ်တွေကနေတစ်ဆင့် တိုင်းအစိုးရကို တင်ပြကြပါလို့ အကြံပေးချင်တယ်'' ဟုစီးပွား
ရေးနှင့် ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ် ဘီအိုစီမှတ်တိုင်အနီး ရွှေသံလွင်စက်မှုဇုန်ဝင်းအနီးရှိကျူးကျော်နေပြည်သူများက အင်အားသုံးအတင်းအကျပ်နှင်မထုတ်ရေးနှင့် ဆင်းရဲသားများကို ကာကွယ်ပေးသည့် ဥပဒေ
တစ်ရပ်ပြဋ္ဌာန်းပေးရန် အစိုးရသစ်ကို တောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ်၊
ဧပြီ ၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်ကျူးကျော်များ အတင်းအကျပ်နှင်မထုတ်ရေး၊ ဆင်းရဲသားပြည်သူကို 
ကာကွယ်ပေးသည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရေးနှင့် ကျူးကျော်နေပြည်သူများအတွက် စနစ်တကျ 
အမှိုက်စွန့်ပစ်စနစ်တစ်ခု ရရှိရေးတို့ကို အဓိကထား တောင်းဆိုခဲ့ကြသည်။

''ကျွန်မတို့အားလုံး ဘယ်တော့အင်အားသုံးနှင်ထုတ်မလဲဆိုတာကို အမြဲတမ်းကြောက်ရွံ့နေရပါတယ်။
ကျွန်မတို့ နေ့စဉ်နဲအမျှ စိုးရိမ်ပူပန်မှုများစွာနဲ့ နေထိုင်နေကြရတယ်။ တခြားသူတွေရဲ့ အထင်မြင်သေး
ဆက်ဆံခြင်းကို ခံနေကြရပါတယ်။ လူအများစုကလည်း ကျွန်မတို့လို ကျူးကျော်နေထိုင်သူတွေကို
ဥပဒေချိုးဖောက်သူတွေလို့ မှတ်ယူထားကြတယ်။ တကယ်တော့ ကျွန်မတို့ အဲဒီလိုမဟုတ်ကြပါဘူး။
ကျွန်မတို့ ဒီမှာ စည်းကမ်းရှိရှိ စနစ်တကျနဲ့ နေထိုင်ချင်ကြတာပါ'' ဟု လှိုင်သာယာစက်မှုဇုန်၊
မေခလမ်းတွင် ကျူးကျော်အဖြစ်နေထိုင်နေသည့် ဧရာဝတီတိုင်း နာဂစ်ဘေးသင့်ခဲ့သူတစ်ဦးဖြစ်သည့်
ဒေါ်အေးမိုးခိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ပိုင်ဆိုင်သည့် လယ်မြေများ ဆားငန်ရည်ဖုံးလွှမ်းခဲ့ပြီး အလုပ်
အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေအခွင့်အလမ်းများ နည်းပါးခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း 
လှိုင်သာယာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ကျူးကျော်အဖြစ် နေထိုင်ခဲ့ရခြင်းဖြစ်သည်ဟု 
¤င်းကပြောသည်။လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေထိုင်သူအများစုမှာ ဧရာဝတီတိုင်းနာဂစ်မုန်တိုင်း
နောက်ပိုင်း ပြောင်းရွှေ့လာကြသူများဖြစ်ပြီး ကနဦးတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ လူနေအဆောင်
များ၊ လိုင်းခန်းများတွင် ငှားရမ်းနေထိုင်၍ ပျံကျဈေးသည်နှင့် နေ့စားအလုပ်ကြမ်းသမားများအဖြစ် 
အသက်မွေးဝမ်းကျောင်းခဲ့ရသူများဖြစ်သည်ဟု ကျူးကျော်များက ပြောသည်။

ထို့နောက် လူနေအိမ်နှင့် အဆောင်ငှားရမ်းခများ အဆမတန်မြင့်တက်လာပြီးနောက်တွင် မြို့နယ်
အတွင်းရှိ စည်ပင်သာယာပိုင် မြေလွတ်များတွင် တဲထိုးပြီး ကျူးကျော်အဖြစ် နေထိုင်နေခဲ့ကြရခြင်း
ဖြစ်သည်ဟု ¤င်းတို့က ပြောသည်။''ကျွန်မတို့ ဒီမှာ ဘဝတစ်လျှောက်လုံး နေသွားချင်ပါတယ်။ 
အင်အားသုံးနှင်ထုတ်မှာကိုလည်း မလိုချင်ပါဘူး။ အစိုးရက ကျူးကျော်တွေ ရှင်းလင်းမယ်ဆိုလည်း
တွေ့ဆုံဆွေးနွေးပေးပါလို့ပဲ ကျွန်မတို့ တောင်းဆိုပါတယ်'' ဟု ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှ ဆိုင်ကလုန်းနာဂစ်အပြီး ပြောင်းရွှေ့လာခဲ့သည့် ဒေါ်တင်တင်အေးက ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် မေခလမ်းနှင့် မင်းကြီးမဟာမင်းခေါင်လမ်းတွင် 
ကျူးကျော်တဲပေါင်း ၁,၁ဝဝ ခန့်အထိရှိပြီး ကျူးကျော်နေထိုင်သူပေါင်း ၅,ဝဝဝ ဝန်းကျင်ခန့်အထိ
ရှိနေသည်ဟု ကျူးကျော်များက ပြောသည်။ကျူးကျော်များမှာလည်း ပြည်သူများဖြစ်သည့်အတွက် 
အမှိုက်စနစ်တကျစွန့်ပစ်သည့် စနစ်များရရှိရန် လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ
သန်းမြင့်က ဆိုသည်။

ထို့ပြင် ၄င်းတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျူးကျော်များအရေး ဆွေးနွေးခြင်း
နှင့်၎င်းတို့နေထိုင်ရန် အခြားနေရာများတွင် စီစဉ်ပေးခြင်းမရှိဘဲ အတင်းအကျပ်နှင်ထုတ်ခြင်း
မပြုလုပ်သင့်ကြောင်း ပြောကြားထားမှုများ  ရှိသည်ဟု ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင်ကျူးကျော်နေထိုင်သူပေါင်း ၆ဝဝ,ဝဝဝ ခန့်အထိရှိနေသည်ဟု
ခန့်မှန်းတွက်ချက်ထားမှုများ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်၏ 
တွက်ချက်ထားမှုများအရလှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သူပေါင်း ၃ဝဝ,ဝဝဝ ရှိနေသည်။
သို့သော်လည်း လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သူပေါင်းမှာ ကော်မရှင်က ခန့်မှန်းတွက်
ချက်ထားသည့် အရေအတွက်ထက်ပင်များပြားနိုင်သည်ဟု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့
သည့် ကိုယ်စားလှယ်များကသုံးသပ်ခန့်မှန်းထားကြသည်။

လှိုင်သာယာတွင် နေထိုင်သည့် ကျူးကျော်များတွင် စီးပွားရေးအရ ပြန်လည်ငှားရမ်းခြင်း၊ရောင်းချခြင်း
ပြုလုပ်ရန် အစိုးရပိုင်၊ ကုမ္ပဏီပိုင်နှင့် ပုဂ္ဂလိကပိုင် မြေလွတ်များကို ဥပဒေမဲ့ အုပ်စုဖွဲ့ကျူးကျော်နေ
သူများလည်း ရှိနေပြီး ယင်းအရေအတွက်မှာ အမှန်တကယ်နေစရာမရှိ၍ နေထိုင်သည့် ကျူးကျော်
များနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ ဖြစ်သည်ဟုလည်း ကျူးကျော်များနှင့် ကျူးကျော်
အရေးလုပ်ဆောင်ခဲ့သည့် နိုင်ငံရေးပါတီများက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်အရေးပြဿနာမှာ အဓိကဖြေရှင်းရမည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး ကျူးကျော်
နေပြည်သူများကို စနစ်တကျ စာရင်းပြုစုခြင်း၊ အမှန်တကယ်နေထိုင်စရာမရှိ၍ နေထိုင်သူဖြစ်ကြောင်း 
စစ်ဆေးအတည်ပြု မှတ်တမ်းတင်ခြင်းများ ပြုလုပ်ပြီး  ၄င်းတို့နေထိုင်ရန် နေရာ စီစဉ်ပေးခြင်းများကို
ပြုလုပ်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းက 
ယခုလ ၁၇ ရက်ထုတ် ကြေးမုံသတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။

Source: The Myanmar Times

Facebook comments