အထောက်အထားခိုင်မာရင် ဘီစီစီမရှိလည်း နေခွင့်ရလို့လက်တစ်လုံးခြားလုပ်

တိုက်ခန်းအဆောက်အအုံတွေ ပြီးစီးတဲ့အခါ လူနေထိုင်ခွင့် (BCC) မရှိဘဲနေရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပေမဲ့ ခိုင်မာတဲ့ အထောက်အထားရှိရင် ဘီစီစီမရှိလည်း နေခွင့်ပြုထားတဲ့အတွက် တချို့က လက်တစ်လုံးခြားနဲ့ ပြုလုပ်နေတာတွေလည်ရှိတယ်လို့ သိရပါတယ်။

တချို့က ဈေးကွက်ထဲမှာ ဘီစီစီ မရှိဘဲ ရောင်းနေတဲ့အခန်းတွေ နဲ့ နေခွင့်မရှိသေးဘဲ နေတဲ့သူတွေလည်းရှိပါတယ်။ ဘီစီစီလျှောက်ထားဆဲဆိုပြီး ရောင်းနေကြတာလဲရှိတဲ့အတွက် ဝယ်သူတွေအနေနဲ့ သေချာစိစစ်ပြီးမှ ဝယ်သင့်တာပါ။ တချို့ကန်ထရိုက်တွေက လျှောက်ထားတဲ့ ပုံစံနဲ့ ရောင်းပြီး ဌာနမှာ မလျှောက်ထားလို့ ဝယ်မိတဲ့သူက နောက်မှ သိရပြီး ဌာနကနေ အရေးယူမှ သိရတာတွေရှိတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၁ (င) မှာ မည်သူမှ ဆောက်လုပ်ပြီးထားတဲ့ အဆောက်အဆုံ ၊ အဆောက်အအုံရဲ့ အစိတ်အပိုင်းတစ်ခုမှာဘဲဖြစ်ဖြစ် ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တာ၊ အသုံးပြုခွင့်မရှိကြောင်းကို ပြဋ္ဌာန်း ထားတာဖြစ်ပါတယ်။

ဝယ်ရောင်း အကျိုးဆောင် ဦးကျော်နိုင်က ' တချို့ဝယ်သူတွေဆိုပြီး ဝယ်ပြီးမှ ဘီစီစီမကျသေးတာ၊ မလျှောက်ထားတာတွေ ကြုံကြရတဲ့သူတွေ ရှိတယ်၊ တချို့ကကြိုနေခွင့် ရအောင်း လျှောက်ထားပြီးမှ ဘီစီစီ မလျှောက်တော့ဘဲ ရောင်းပြီးထွက်သွားတဲ့ ကန်ထရိုက်တာတွေလဲရှိတယ် ' လို့ပြောပါတယ်။

သတ်မှတ်ထားတဲ့အချက်အဆောက်အအုံပြီးစီတာနဲ့ ဘီစီစီ လျှောက်ထားရယူခြင်းမရှိဘဲ နေထိုင်နေတဲ့ ရန်ကုန်မြို့ရှိ အဆောက်အအုံတွေက မတ်၃၁ ရက်မတိုင်မီ ဘီစီစီ လျှောက်ထားဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာန ထုတ်ပြန်ထားတာဖြစ် ပါတယ်။ သတ်မှတ်ထားတဲ့ ရက်အတွင်း အဆောက်အအုံ ဆောက်လုပ်ပြီးစီးလို့ လျှောက်ထားရင်လည်း ဖြေလျှော့မှုနဲ့ စိစစ်ခွင့်ပြုပေးမှာလို့ သိရပါတယ်။

သတ်မှတ်ထားတဲ့ရက်အထိလျှောက်ထားရယူခြင်မရှိပါကသက်ဆိုင်ရာလိုင်စင်ကန်ထရိုက်တာ၊ မြေရှင်နဲ့နေထိုင်သူတွေကိုတည်ဆဲဥပဒေနဲအညီ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ဘီစီစီလျှောက်ထားရယူခြင်းမရှိဘဲ နေထိုင်အသုံးပြုနေတဲ့ ကန်ထရိုက်နဲ့ ကိုယ်ပိုင်အဆောက်အအုံတွေနဲ့ မြေရှင်တွေကို မတ် ၃၁ ရက်မတိုင်မှီ ဘီစီစီလျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာထားတာပါ။

ဘီစီစီမရှိဘဲ နေခွင့်ပြုအချက်

ဘီစီစီလက်မှတ်မရသေးတဲ့ အဆောက်အအုံပေါ်မှာ နေထိုင်လိုသူတွေ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို လျှောက်ထားပါက နေထိုင်ခွင့်ပြုထားတာပါ။နေခွင့်လျှောက်ထားတဲ့ သူတွေအနေနဲ့ အဆောက်အအုံပြီးစီးရပါမယ်။မူလ ငှါးရမ်းနေထိုင်တဲ့ အိမ်ငှါးစာချုပ်ပြည့်တာ၊ ဝါဝင်ဝါထွက် ကာလဖြစ်လို့အိမ်းငှါးမရတာ စတဲ့ အခက်အခဲတွေကို တင်ပြပြီးလျှောက်ထားရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတစ်လကို ပျမ်းမျှ အဆောက်အအုံအလုံးရေ စုစုပေါင်း ၅၀၀ကျော်ခွင့်ပြုပေးနေပြီး မြေပြင်မှာ အမှန်တကယ်ဆောက်လုပ်မှုရှိမရှိ အတိအကျကိုမသိရတာပါ။ အဆောက်အအုံပြီးစီးကြောင်း၊ ဘီစီစီလက်မှတ်မရသေးတဲ့ အဆောက်အအုံပေါ်မှာ နေထိုင်ရင် ဒဏ်ကြေး ကျပ် ၁၂၀,၀၀၀ ပေးဆောင်ရမှာပါ။

အကျိုးဆောင်ရှေ့နေ မသီတာက ' တချို့တွေက လက်တစ်လုံးခြားလုပ်နေတာတွေကို စိစစ်ဖို့လဲလိုပါတယ်၊ ဝယ်သူတချို့က မသိဘဲ ဝယ်မိပြီးမှ ဘီစီစီမကျသေးဘဲ ဝယ်ထားမိတာ တရားဝင်လား၊ ဘယ်လိုလုပ်ရလဲမေးကြတဲ့သူတွေရှိတယ်၊ တကယ်တော့ ဥပဒေကို ထိရောက်အောင် လုပ်ဖို့လိုအပ်နေတာပါ ' လို့ပြောပါတယ်။

Source : The Modern

Facebook comments