နှုန်းထားသင့် ဈေးနှုန်းများဖြင့် ရောင်းချမည့် အဆင့်မြင့်ကန်ဘဲ့တာဝါ


နှုန်းထားသင့် အဆင့်မြှင့် ကွန်ဒိုတိုက်ခန်းများ စိတ်ဝင်စားသူများအတွက် ကန်ဘဲ့တာဝါ ကွန်ဒိုအခန်းများ အရစ်ကျ

ဝယ်ယူနိုင်မည်ဟု  Property.com.mm သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်း သိရှိရပါသည်။

 

ကန်ဘဲ့တာဝါကို ကမ္ဘာအေးဘုရားလမ်းနှင့် ဝေဇယန္တာလမ်းမကြီးအား ဆက်သွယ်ထားသည့် ရန်ကင်း ကန်ဘဲ့ လမ်းပေါ်တွင်   တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်မှု စီမံကိန်းကို လာမည့် မေလတွင် စတင်မည်ဖြစ်သည်။

နှစ် ၆၀ ဂရံမြေ ၂ ဧကပေါ်တွင် ၂ နှစ်ခွဲ စီမံကိန်းဖြင့် တည်ဆောက်မည်ဖြစ်ကာ စုစုပေါင်း အဆောက်အအုံ ၅ လုံး တည်ဆောက်ဖြစ်ပြီး  ၂၆ ထပ်အဆောက်အအုံ ၃ လုံး၊ ၂၁ ထပ် ၁ လုံး၊ ၁၂ ထပ် ၁ လုံး တို့တွင် စုစုပေါင်း အခန်း

အရေအတွက် ၅၃၅ ခန်း ပါရှိမည်ဖြစ်သည်။ Facilities ပိုင်းအနေဖြင့် Swimming Pool, Gym အပါအ၀င် Car Parking တစ်အိမ်တစ်စီးနှုန်းနှင့် အပိုရပ်နားနိုင်ရန် နေရာ ၁၅၀ ထည့်သွင်းတည်ဆောက်သွားမည်ဟု သိရသည်။ အိမ်ရာတစ်ခုလုံး wifi တပ်ဆင်ပေးသွားမည်ဖြစ်ပြီး အခန်းများအားလုံး Finger Print Lock ၊ ရုပ်မြင်ကင်မရာများ ပါရှိမည်ဟု သိရသည်။

 

ကန်ဘဲ့တာဝါနှင့် ပတ်သက်၍ တိုက်ခန်း၊ လုံးချင်းနှင့် ကွန်ဒိုဈေးကွက် ကျွမ်းကျင်သူ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးအား မေးမြန်းရာတွင်

“ကန်ဘဲ့ ကွန်ဒိုသစ်က ရောင်းချမယ့် အခန်းတွေဟာ ဈေးကွက်အနေအထားက ခုအချိန် ကာလပေါက်ဈေးအနေနဲ့ ယှဉ်ကြည့်ရင် ၀ယ်ဖို့သင့်တော်တဲ့ အနေအထားလို့ မြင်ပါတယ် လမ်းပန်းဆက်သွယ်ရေးအရလည်း ကောင်းမွန်တဲ့ နေရာဖြစ်တယ် ကိုယ်နိုင်တဲ့ ဈေးအလိုက် အခန်းအကျယ်အ၀န်း အမျိုးအစား ရွေးချယ်ဝယ်ယူလို့လည်း ရတယ် အထပ်မြင့်ရင်မြင့်သလို ဈေးက အနည်းငယ် ကွာခြားသွားမယ် နှုန်းထားသတ်မှတ်ချက်က 1 sqft ကို US $ 186 ကနေ $ 235 ၀န်းကျင်အတွင်း သတ်မှတ် ထားပါတယ် အကျယ်အ၀န်းတွေက sqft 457,642 လောက်နေ sqft 

985  အထိ အစားစား ရှိတယ်လို့ ပြောပါတယ် ဟု Estate Myanmar Enterprise အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ ကိုဇင်ဖြိုးထက်က ပြောကြားသည်။

 

စီမံကိန်းဧရိယာအနီးတွင် အဆင့်မြင့်ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် ကျောင်း၊ ဆေးရုံစသည့် လူမှုအခြေခံ

အဆောက်အအုံများနှင့်နီးကာ ကမ္ဘာအေးဘုရားလမ်းမ၊ ဝေဇယန္တာလမ်းမကြီးများနှင့်လည်း နီးကပ်စွာ တည်ရှိ

သောကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေကောင်းမွန်သော နေရာတစ်ခုဖြစ်၍ ကွန်ဒိုအိမ်ခန်း အရောင်းအ၀ယ် စိတ်ဝင်စားသူများအတွက် ရေးသားဖော်ပြလိုက်ပါသည်။

 

Property Media Team

www.Property.com.mm

Facebook comments