ရန်ကုန်မြို့ လက်ရှိအိမ်ခြံမြေဈေးကွက်အနေအထားတွင် အရောင်းအဝယ် ဈေးကွက်အတန်ငယ်အေးလျက်
ရှိနေပြီး အစိုးရသစ် တာဝန်လွှဲပြောင်းမယူမီ အချိန်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
စည်ပင်အိမ်ခန်း တစ်ထောင်ကျော်ခန့်အား ကာလပေါက်ဈေးထက် အသင့်အတင့်လျော့ပါးသော နှုန်းဖြင့်
ရောင်းချပေးမှုများ ရှိခဲ့ရာ ပြင်ပ ပုဂ္ဂလိက ဆောက်လုပ်ရေး အိမ်ရာတိုက်ခန်းအရောင်းအဝယ်ဈေးကွက်များ
အတန်ငယ် တည်ငြိမ်လျက်ရှိနေပြီး ကွန်ဒိုတိုက်ခန်းများလည်း အရောင်းအဝယ်အေးလျက်ရှိနေသည်ဟု
မြန်မာ့အဖိုးတန်မြေ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အစိုးရသစ်
တာဝန်လွှဲပြောင်းယူမှုအပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ နောက်ပိုင်းတွင် လူနေမှုစနစ် ဖွံ့ဖြိုးရေးအတွက်
တန်ဖိုးနည်းအိမ်ရာများစွာ အကောင်အထည်ဖော်ဆောင်မှုများ ယခုထက် ပိုမိုရှိလာနိုင်ပြီး မကြာမီ နှစ်များ
အတွင်း လူတန်းစားမရွေး အိမ်ရာအခန်းပိုင်ဆိုင်မှုအတွက် မခက်ခဲတော့သည့် အနေအထားသို့ ရောက်ရှိ
လာနိုင်သောကြောင့် အခြေခံလူတန်းစားများအနေဖြင့်လည်း တတ်နိုင်သ၍ ငွေကြေး ကြိုတင် စုဆောင်း
ထားမှုများ ပြုလုပ် သင့်ကြောင်း ကိုလည်း ဆက်လက်ပြောကြားသည်။
နှစ်စဉ်များပြားလာနေသည့် မြို့ပြသို့ ေ့ရွှပြောင်းနေထိုင်သူများ၊ အလုပ်အကိုင်ရှာဖွေသူများ အိမ်ခန်း၊
အဆောင်ရှာဖွေ ငှားရမ်းနေထိုင်မှုများမှာ နှစ်စဉ်တိုးတက်လျက် ရှိနေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး
နယ်နမိတ် ၃၃ မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများမှာလည်း ၂၇၀၀၀၀ ဝန်းကျင် ခန့်ရှိနေပြီး ကျူးကျော်
ပြသ၁နာများအပေါ် ကိုင်တွယ်ဖြေရှင်းမည့် အစိုးရသစ်၏ စီမံဆောင်ရွက်မှုများနှင့် အိမ်ရာ လိုအပ်ချက်
အတွက် ချမှတ်လုပ်ဆောင်ပေးနိုင်မည့် အိမ်ရာစီမံကိန်းများ အပေါ်၌မျှော်လင့်ချက် ရှိနေကြသည့် ကျူးကျော်
နေထိုင်သူများနှင့် အိမ်ခန်းငှားရမ်းနေထိုင်သူ အခြေခံ လူတန်းစား များလည်း ရှိနေကြလေသည်။
“အိမ်ခန်းတစ်ခန်း အနည်းဆုံးက သိန်း ၂၀၀ လောက်ကျနေတော့ ကျွန်တော်တို့အနေနဲ့ တန်ဖိုးနည်း
အိမ်ရာဆိုတာလည်း လက်လှမ်းမမီပါဘူး အငှားအိမ်ရာစီမံကိန်းတွေ ကြားတိုင်း လျှောက်ပါတယ် မဲစနစ်
နဲ့ချပေးတာတွေဆိုတော့ လျှောက်တဲ့သူကလည်းများ လူတစ်ထောင်မှာ တစ်ယောက်ရဖို့ အတော် ခဲယဉ်း
ပါတယ် အိမ်ငှားဘဝမှာတော့ ရှာရသမျှ အငှားစရိတ်ထဲပဲ ထည့်နေရတော့ ဒီလိုနဲ့ပဲ လုံးချာလည်လိုက်ပြီး
စုဆောင်းငွေ အပိုလျှံ သိပ်မရှိပါဘူး အစိုးရသစ်လက်ထက်မှာတော့ အားလုံးအတွက် အိမ်ရာပိုင်ဆိုင်ခွင့်
လေးတွေ အဆင်ပြေပြေ အကောင်အထည် ဖော် ပေးနိုင်ရင် သူသူကိုယ်ကိုယ် အားလုံးအတွက် ဝမ်းသာ
စရာပါ” ဟု ဒလမြို့နယ်နေ အိမ်ငှားတစ်ဦးဖြစ်သူ ကိုထွန်းနိုင်ဝင်းက ပြောသည်။
အစိုးရ၏ ဖြေရှင်းလုပ်ဆောင်ပေးမှုများတွင် ရန်ကုန်နှင့် မန ္တလေးတိုင်း ဒေသများတွင် တန်ဖိုးနည်း အငှား
အိမ်ရာများ တည်ဆောက် ပေးမှုများ ရှိသော်လည်း အနိမ့်ဆုံးတန်ဖိုးအနေအထားမှာပင် အခြေခံလူတန်းစား
အများစု၏ အိုးအိမ် ပိုင်ဆိုင်မှု၊ အိမ်ရာလိုအပ်ချက်များကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုမရှိပဲ
ပုံမှန်ဝင်ငွေအသင့်အတင့်နှင့် ငွေကြေး အတန်ငယ် ပြည့်စုံသူများသာ ဝယ်ယူပိုင်ဆိုင်နိုင်သည့် အနေအထား
သာရှိသည့် တန်ဖိုးသင့် အိမ်ရာများကိုသာ အကောင်အထည်ဖော်ပေးနိုင်ခဲ့သည်။ အမှန်တကယ် အိမ်ခန်း
လိုအပ်သူ ဦးရေ နှင့် တည်ဆောက်ပြီးစီးသည့် အိမ်ခန်း အရေအတွက် အချိုးအစား ကွာဟချက်မှာ ကြီးမား
လျက်ပင် ရှိနေသော်လည်း အစိုးရသစ်လက်ထက်တွင် အခြေခံ လူတန်းစားများ ၏ အိမ်ရာအခန်းလိုအပ်ချက်ကို
ပိုမိုပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများ၊ နှစ်ရှည်ငှားရမ်းနေထိုင်
နိုင်မည့် အငှားအိမ်ရာများ ပေါ်ထွက်လာနိုင်သောကြောင့် အိမ်ခြံမြေ ဈေးကွက် အနေအထား တစ်မျိုးတစ်ဖုံ
ပြောင်းလဲသွားနိုင်ကြောင်းကိုလည်း အိမ်ခြံမြေကျွမ်းကျင်သူများက သုံးသပ်လျက်ရှိကြသည်။
Property Media Team
www.Property.com.mm