စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ အိမ်ခြံမြေဈေးကွက်

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ အိမ်ခြံမြေလုပ်ငန်းတွေအပြင် တခြားစက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေပါဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ ဥပဒေ ပညာရှင်တချို့ဆီက သိရပါတယ်။

‘အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးဖို့က ဒီလုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံတာတစ်မျိုးတည်းနဲ့ မကောင်းနိုင်ဘူး ၊ နိုင်ငံရဲ့စီးပွားလုပ်ငန်းအားလုံးလိုလို ဖွံ့ဖြိုးမှ ဒီလုပ်ငန်းတွေကလဲ ကောင်းလာမှာ’ လို့ မဏ္ဏိုင်အိမ်ခြံမြေ အကျိုးဆောင်က ဦးသန်းဦးက ပြောပါတယ်။

လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းဝင်ရောက်မှုအပိုင်းမှာ အခြေခံလုပ်ငန်းတွေထက် ဆောက်လုပ်ရေးနဲ့ တခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတွေ ဝင်ရောက်နေတာကြောင့် ပြည်တွင်းက ထွက်ရှိတဲ့ ကုန်ကြမ်းတွေကို အချောထည်ထုတ်လုပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အိမ်ခြံမြေအနေနဲ့ လက်ရှိမှာ တန်ဖိုးနည်းအိမ်ရာတွေ လိုအပ်ပေမဲ့ အစိုးရကိုယ်တိုင် အကောင်အထည်ဖော်နေတဲ့ အိမ်ရာတွေ တန်ဖိုးနှုန်းထားတွေက လက်လှမ်းမီဖို့ ကွာခြားနေပါတယ်။

အမှန်တကယ်လိုအပ်တဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ရာတွေကို ပုဂ္ဂလိက အပိုင်းက ဆောက်လုပ်နိုင်ဖို့ မြေတန်ဖိုးနဲ့ ဆောက်လုပ်စရိတ်မြင့်တာတွေကြောင့် အများစုက အမြတ်အစွန်းများတဲ့လူလတ်တန်းစား တိုက်အဆောက်အအုံတွေကိုသာ ဆောက်လုပ်ရောင်းချနေတာလို့ သိရပါတယ်။

Source: The Kumudra

Facebook comments