ဗီယက်နမ်အိမ်ခြံမြေလုပ်ငန်းစုက မြန်မာပရောဂျက်အတွက် ဒေါ်လာသန်း ၂၃၀ ထပ်ရင်းနှီးမည်
ဗီက်နမ်အိမ်ခြံမြေလုပ်ငန်းစု Hoang Anh Gia Lai Group က အမေရိကန်ဒေါ်လာ သန်း၂၃၀ ကုန်ကျမယ်လို့ ခန့်မှန်းရတဲ့ မြန်မာနိုင်ငံအတွင်းက အကြီးစား ပရောဂျက်တစ်ခုရဲ့ ဒုတိယအဆင့်ကို စတင်လုပ်ဆောင်နေပြီလို့ Thanh Nien News မှာဖော်ပြထားပါတယ်။သည်ပမာဏဟာ ရန်ကုန်မြို့မှာတည်ဆောက်မယ့် Hoang Anh Gia Lia Myanmar Center ရဲ့စုစုပေါင်း စီမံကိန်းကုန်ကျစရိတ်ရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။လုပ်ငန်းစုက ဒုတိယအဆင့်မှာ ရုံးခန်းနဲ့ တိုက်ခန်းတွဲ ၁၁၃၄ ခန်းပါဝင်တဲ့ ၂၈ ထပ်တိုက်ငါးလုံးတည်ဆောက်မယ်လို့ စနေနေ့က ပန္နပ်ရိုက်အခမ်းအနားမှာ ကြေငြာခဲ့တာဖြစ်ပါတယ်။၎င်းတို့အနေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ရှော့ပင်းမောလ်တစ်ခုရဲ့ ၁၀၀ ရာခိုင်နှုန်းနဲ့ ၂၇ ထပ်ရုံးအဆောက်အအုံနှစ်ခုရဲ့ နေရာလွတ် ၆၀ ရာခိုင်နှုန်းတို့ကို ငှားရမ်းထားတယ်လို့ဆိုပါတယ်။ Hoang Anh Gia Lai ဟာ ကြွေးမြီတွေမြင့်တက်နေတယ်လို့သတင်းတွေ ထွက်ပေါ်လာနေတဲ့ကြားက အခုလိုလုပ်ငန်းစတင်ခဲ့တာဖြစ်ပါတယ်။၎င်းရဲ့ကြွေးမြီတွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်မှာ ဗီယက်နမ်ဒေါ်လာ ၃၂.၆၄ ဘီလျံ (ဒေါ်လာ ၁၄.၄ ဘီလျံ) နီးပါးရှိနေတယ်လို့ ခန့်မှန်းရပြီး ၂၀၁၄ ခုနှစ်ကထက် ၅၄.၅ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။ သည်ပမာဏဟာ ၎င်းရဲ့ပိုင်ဆိုင်မှု စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းကျော်နဲ့ ညီမျှနေတယ်လို့ ဘဏ္ဏာရေးဖော်ပြချက်တွေအရ သိရပါတယ်။သည်လုပ်ငန်းစုဟာ ပြီးခဲ့တဲ့နှစ်မှာ ဗီယက်နမ်ဒေါ်လာ ၆၇၈.၆၂ ဘီလျံ (ဒေါ်လာ ၁၉.၉၄ သန်း)အထိအခွန်ဆောင်ပြီး အမြတ်ငွေ ၄၆.၅ ရာခိုင်နှုန်းတစ်နှစ်ထက် တစ်နှစ် လျော့နည်းလာခဲ့ပါတယ်။Source: The Modern
Facebook comments