ရန်ကုန်သို့ ရွှေ့ပြောင်းအခြေချသူများအတွက် အငှားအိမ်ရာများ တည်ဆောက်ပေးရန် အကြံပြု

ရန်ကုန်မြို့သို့ နှစ်စဉ် ရွှေ့ပြောင်းအခြေချသူ ပမာဏ များပြားလာခြင်းကြောင့် အရစ် ကျရောင်းချသည့် အိမ်ရာများ ထက် အများစုတတ်နိုင်ပြီး ဈေး နှုန်း သက်သာသည့် အငှားအိမ်ရာများ တည်ဆောက်ပေးသင့် ကြောင်းအိမ်ခြံမြေ လုပ်ငန်းရှင် များကပြောသည်။

‘‘ရန်ကုန်မြို့သို့ အနယ်နယ် အရပ်ရပ်က ပြောင်းလာတဲ့ ရွှေ့ ပြောင်းသူတွေကများတော့အငှား အိမ်ရာကိုပဲ အဓိက လုပ်ပေးသင့်တယ်။ နိုင်ငံတကာမှာဆိုရင် အစိုးရက အဲဒီအတွက် အစီအစဉ် တွေရှိပြီးသားပါ’’ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းကပြော သည်။ 

တစ်မြို့လုံးတွင် လက်ရှိ ရောင်းချနေသည့် အိမ်ရာစီမံကိန်း များထက် တန်ဖိုးနည်းပြီး လစဉ် ပေးသွင်းရသည့် အငှားအိမ်ရာ များကိုသာ တည်ဆောက်ပေး သင့်ကြောင်း အိမ်ခြံမြေလုပ်ငန်း ရှင်များကဆိုသည်။

အစိုးရ အနေဖြင့် ထိုသို့ တည်ဆောက်ရန်
မြေယာလိုအပ် ချက် ကြီးမားကြောင်းရန်ကုန်မြို့ တော်စည်ပင်သာ
ယာရေးကော်မ တီ မြို့ပြနှင်မြေယာစီမံခန့်ခွဲမှုဌာနမှ အကြီးတန်းအရာရှိဒေါက်တာတိုးအောင်က ပြောသည်။

‘‘ရန်ကုန်မြို့စွန်မှာရှိတဲ့ မြေ လွတ်မြေရိုင်း ဆိုတာတွေမှာ လည်း ပုဂ္ဂလိက ပိုင်ရှင်တွေရှိ တော့ မြေအတွက် အစိုးရမှာ အ ခက်အခဲတော့ရှိတယ်’’ဟု ဒေါက် တာတိုးအောင်ကဆိုသည်။

အိမ်ခြံမြေ လုပ်ငန်းရှင် အ များစုက ရန်ကုန်မြို့တွင် အိမ်ခန်းတစ်ခန်း ငှားရမ်းမည်ဆိုပါက ခြောက်လမှ တစ်နှစ်အထိ စာချုပ် ချုပ်ဆိုနေရပြီး တစ်လချင်းစီပေး သွင်းရခြင်း မဟုတ်ဘဲ ငှားရမ်း သည့် လအားလုံး၏ ငွေကိုတစ် ပြိုင်တည်း ပေးရသောကြောင့် အခက်အခဲရှိကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ဆိုသည်။

အစိုးရကအငှားအိမ်ရာများ ဖော်ဆောင်ပါက သောင်းကဏန်း ပမာဏသာပေးရနိုင်ပြီး အရေအ တွက် များများတည်ဆောက်လိုက်ပါက ပြင်ပမှ အငှားဈေးကွက်ပါ ကျဆင်းသွားနိုင်ကြောင်း မြို့ပြ စီမံကိန်းပညာရှင်မြင့်မိုရ်ဆွေက ပြောသည်။

လက်ရှိ ဆောက်လုပ်နေသည့် ဗန္ဓုလ အငှားအိမ်ရာစီမံ ကိန်းသည် အခန်းအရေအတွက် လွန်စွာနည်းပါးပြီး မဲဖောက်သည့် စနစ် ဖြစ်သောကြောင့် အမှန်တကယ် လိုအပ်နေသူထံ အခန်း ရောက်ရှိရန်ခက်ခဲကြောင်း ၎င်း ကဆိုသည်။

‘‘နောက်တက်လာမယ့်အစိုး ရသစ်လက်ထက်မှာ သူတို့လက် ထဲ လုပ်ပိုင်ခွင့်တွေရလာရင် ရန် ကုန်က အစိုးရပိုင် မြေတွေမှာ ပြည်သူတွေအတွက် သက်သာတဲ့ အိမ်ရာစီမံကိန်းတွေ သေသေချာ ချာ လုပ်ပေးဖို့တော့ လိုလာလိမ့် မယ်။ ရန်ကုန်မှာ နေရေးကအရမ်း ခက်ခဲနေပြီ’’ဟု Froniter Myan- mar Research မှ Commerical Director က၎င်း၏အမြင်ကိုပြော ကြားသည်။

Source: 7Daydaily

Facebook comments