စားသောက်ဆိုင်၊
ရုံးခန်းနှင့် အခြားအထွေထွေလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် သင်္ကန်းကျွန်းမြို့နယ် လမ်းမတန်း
လုံးချင်းနှင့် မြေကွက်များ ငှားရန်းမှုဈေးကွက် ကောင်းမွန်နေကြောင်း Property.com.mm သတင်းမီဒီယာ အဖွဲ့မှ လေ့လာစုံစမ်း
သိရှိရပါသည်။
ယခု
မတ်လ ဒုတိယပတ်အတွင်း သင်္ကန်းကျွန်းမြို့နယ်လမ်းမတန်း လုံးချင်း၊ မြေကွက် အရောင်းအငှား
ဈေးကွက် အခြေအနေများအား အကျိုးဆောင် တစ်ဦးအား
မေးမြန်းရာတွင်
“သင်္ကန်းကျွန်းဈေးကွက်
အခြေအနေကတော့ လေးထောင့်ကန်လမ်းမ သံသုမာလမ်းမတစ်လျှောက် လုံးချင်းနဲ့ မြေကွက် အငှားတွေ
ပိုဖြစ်ပါတယ် ဝေဇယန္တာလမ်းမပေါ်လည်း အငှားအပ်ထားတာတွေရှိပါတယ် အရောင်းအ၀ယ် အနေနဲ့ လုံးချင်း
သိန်းထောင်ကျော်တွေကတော့ လတ်တလော ဈေးကွက်အခြေအနေအရပြောရရင် အရောင်းအ၀ယ် အေးနေ ပါသေးတယ်
နိုင်ငံရေးပြောင်းလဲမှု အခြေအနေ၊ အိမ်ခြံမြေဈေးကွက် ပြောင်းလဲမှု အခြေအနေပေါ် အများစုက စောင့်ကြည့်နေဆဲဖြစ်တဲ့အတွက် အ၀ယ်အတွက်ကို
သိပ်မရင်းကြသေးတဲ့ အနေအထားရှိပါတယ် အမှန် တကယ်နေလိုတဲ့
တတ်နိုင်သူတွေလောက်ပဲ ၀ယ်ရောင်းကြိုကြားဖြစ်တာ ရှိတယ် အများအားဖြင့် ရပ်ကွက် အတွင်းလမ်းသွယ်တွေထဲ
သိန်း ၃၀၀၊ ၄၀၀ ၊ ၅၀၀ ၀န်းကျင် ဈေးသင့်တဲ့ တိုက်ခန်း အရောင်းအ၀ယ်လေးတွေ အရောင်းအ၀ယ်
ဖြစ်တာတွေ့ရတယ် လုံးချင်းအငှားတွေဆိုရင် လေးထောင့်ကန်လမ်းမပေါ် ပေ ၅၀ ပတ်လည် RC သုံးထပ်
အငှား ၄၅ သိန်း၊ ပေ ၂၀’x၅၀’ RC သုံးထပ် ၃၅ သိန်း ပေ ၂၀’x၄၅’ RC သုံးထပ်ပဲ ၃၅ သိန်း
လတ်တလော အငှားခေါ်ထားတာတွေ ရှိပါတယ် အလုပ်ရုံတို့၊ အရောင်းပြခန်းဖွင့်ချင်တဲ့သူတွေကတော့
မြေကွက်တွေ စုံစမ်းမှုတွေ ရှိတယ် မြေကွက်အငှားတွေကတော့ လေးထောင့်ကန်လမ်းမပေါ် ပေ ၅၀ ပတ်လည်
ကို ၁၆ သိန်းအငှား သံသုမာလမ်း ပေါ် ပေ ၁၃၀’x၈၅’ မြေ အငှားဈေး သိန်း ၁၅၀နဲ့ ပေ ၄၀’x၇၀’
အငှား ၃၈ သိန်း စသဖြင့်ရှိကြတယ် မြေကွက် အရောင်းလည်း ခုလပိုင်းတွေအေးနေပါတယ် အရောင်းခေါ်ဆိုမှုအနေနဲ့
လေးထောင့်ကန်လမ်းမပေါ် နေရာကောင်း မြေကွက် ပေ ၂၀’x၆၀’ အကွက်ကို သိန်း ၈၀၀၀ ခေါ်ထားတာရှိပါတယ်”
ဟု ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးဖြစ်သူ ကိုစန်းမောင် က မြန်မာ့အဖိုးတန်မြေ အိမ်ခြံမြေ
အကျိုးဆောင်ကုမ္ပဏီ သတင်းအဖွဲ့သို့ ပြောကြားသည်။
သင်္ကန်းကျွန်း
အိမ်ခြံမြေဈေးကွက်အခြေအနေက လမ်းမတန်း
လုံးချင်းနှင့်မြေကွက် အငှားပိုင်းကို စိတ်ဝင်စား ငှားရန်း လာကြတာ တွေ့ရတယ် လမ်းမတန်းတွေမှာကျတော့
စားသောက်ဆိုင်တို့ ကားပစ္စည်း အရောင်းအ၀ယ်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းဆိုင်တို့၊
ကုမ္ပဏီရုံးခန်းဖွင့်လှစ်ဖို့ စသဖြင့် ငှားရမ်းလာတာတွေ တွေ့ရတယ် စီးပွားရေး အကွက်အကွင်း
အရကြည့်ရင်လည်း လမ်းမတန်းတွေက ဆိုင် လုပ်ငန်းတွေ အရောင်းအ၀ယ် လုပ်ငန်းတွေ အတွက် မြင်သာ
ထင်သာ ရှိသလို သွားလာရ အဆင်ပြေတာကြောင့် လမ်းမတန်း လုံးချင်းနဲ့ မြေကွက်တွေကို ရှာဖွေငှားရန်းမှု
များပါတယ် ” ဟု လည်း မြန်မာ့အဖိုးတန်မြေ ကုမ္ပဏီမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။
Property
Media Team
www.Property.com.mm