အိမ်ခြံမြေ အငှါးဈေးကွက် ပိုကောင်းလာနိုင်

ပွင့်လင်းရာသီမှာ အိမ်အရောင်းအဝယ်ဈေးကွက် မလှုပ်ခတ်နိုင်ပေမဲ့အငှါးဈေးကွက်ကတော့ ဈေးမကျ
ဘဲပိုကောင်းနိုင်မယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

အငှါးဈေးကွက်က လက်ရှိမှာ ပုံမှန်ဈေးကွက်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။အများစုက ငှါးနေကြတဲ့ ရာခိုင်နှုန်းများတာကြောင့် အငှါးဈေးကွက်က အိမ်ခြံမြေဈေးကွက်ထဲမှာ ဦးဆောင်နေတာပါ။အခုတလော အငှါးဈေးကွက်အနည်းငယ် ပြန်အေးနေပေမဲ့ ဈေးကတော့ အတက်ဈေးအတိုင်း 

ရှိနေတယ်လို့သိရပါတယ်။

ဝသုန်အကျိုးဆောင်က ဦးမောင်ဦးက ' သင်္ကြန်းပြီးသွားတဲ့ အချိန် ဧပြီလကုန်ပိုင်းလောက်ဆိုရင် တော့ အငှါးဈေးကွက်က ပြန်လှုတ်လာမှာပါ။ ရန်ကုန်မြို့တွင်းအငှါးဈေးကွက်ကတော့ ကွက်ကျားဖြစ်နေတာပဲ ၊ ဈေးကတော့ အရင်ကလို အများကြီးမတက်ပါဘူး ၊ တချို့တွေဆို ဈေးမတက်ဘဲ ငှါးတာတွေရှိတယ် '
လို့ ပြောပါတယ်။

ဧပြီလထဲ ရောက်ရင် အငှါးအချို့ရှိလာပြီး မိုးတွင်းပိုင်းရောက်လေလေ အငှါးဈေးကွက် ပိုသွက်လာတက်တာကြောင့် သည်နှစ်မှလည်း မိုးဦးပိုင်ကာလမှာပိုင်မှာ ဈေးကွက်ပိုသွက်လာနိုင်တယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ် ။အိမ်ခြံမြေနဲ့ တိုက်ခန်းဈေးကွက်က အေးနေပေမဲ့ ဈေးနှုန်းတွေက သာမန် 

အလယ်အလတ်စားဝန်ထမ်းတွေ အခြေံခံလူတန်းစာတွေအတွက် ဝယ်ယူနိုင်ဖို့ မလွယ်ကူသေးသမျှ အငှါးဈေးကွက်က ဈေးကောင်းစွာရှိနေနိုင်ဦးမယ်လို့ သိရပါတယ်။ 

တချို့နယ်ကနေပြီး လာရောက်အလုပ်လုပ်နေကြတဲ့ သူတွေရှိပါတယ်။လာရောက်လုပ်ကိုင်သူတချို့က အဆောင်ငှါးနေကြတာရှိပေမဲ့ တချို့က စုပေါင်းပြီးငှါးနေကြတာမျိုးတွေလည်းရှိပါတယ်။မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေမှာ တစ်လကို ကျပ် ၁၅၀,၀၀၀၊ ၂၀၀,၀၀၀ ၊ ၃၀၀,၀၀၀ ပေးပြီး ငါးယောက် ၊ 

သုံးယောက်စုပြီး ငှါးနေကြတာဖြစ်ပါတယ်။ 

ငှါးရမ်းခတွေက တစ်လကို ကျပ် တစ်သိန်အောက်ကနည်းပါပြီး အများစုရဲ့ ငှါးရမ်းခတွေက ကျပ် ၁၂၀,၀၀၀ နဲ့အထက်မှာ 

ရှိပါတယ်။ တချို့လူလွတ်တွေက တစ်လချင်းစီးပေးပြီး ဈေးများတဲ့ နေရာတွေမှာ ငှါးနေကြတာတွေလည်း ရှိတယ်လို့သိရပါတယ်။ 

တချို့တွေက အိမ်ရှင်နဲ့အတူ တစ်အိမ်ထဲမှာ အဆောင်သဘောမျိုးနဲ့ တစ်လချင်းပေးနေလို့ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ဒဂုံသီးသန့်အကျိုးဆောင် မကေသီက ' ဒဂုံဘက်မှာတော့ တချို့နေရာတွေမှာ တစ်လကို ၁၀,၀၀၀ လောက်ဈေးတက်တာတွေတော့ရှိတယ်၊ ဈေးမတက်တဲ့ သူတွေလဲရှိပါတယ် ၊ အများစုံးငှါးကြတာကတော့ တစ်လကို ကျပ် ၁၅၀,၀၀၀ အောက်များတယ် ' လို့ပြောပါတယ်။

Source: The Kumudra

Facebook comments