စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်းဆိုင်ရာအသိပေးကြေငြာချက်၁။ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ နံနက်(၈း၃၀)နာရီမှ (၁၁း၃၀)နာရီအထိလက်ခံရရှိသည့် စာချုပ်စာတမ်းများအား ရုံးချိန်အတွင်း ပြီးပြတ်သည်အထိ စစ်ဆေးဆောင်ရွက်ပေးပါသည်။၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအနေဖြင့် မှတ်ပုံတင်သွင်းလာသည့် စာချုပ်စာတမ်းများတွင် စာချုပ်ချုပ်ဆိုသူများ၏ မှတ်ပုံတင်အမှတ်များ၊ ဆက်စပ်စာချုပ်များ၊ ဆိုင်ရေးဆိုင်ခွင့်ရှိသည့် စာချုပ်များ၊ ပူးတွဲတင်ပြလာသည့် ထောက်ခံချက်များကို မှတ်ပုံတင်သါင်းသူများအကျိုးငှာ အမှားအယွင်းမရှိစေရန် သေချာစွာ အချိန်ယူ စိစစ်ဆောင်ရွက်ပေးပါသည်။၃။ စာချုပ်စာတမ်းမှတ်ပုံတင်သွင်းသူများ၊ စာချုပ်တွင်ရေးသားထားသည့် မိမိတို့၏ အမည်၊ အဘအမည်၊ မှတ်ပုံတင်အမှတ်များနှင့် ပစ္စည်းဆိုင်ရာ အချက်အလက်များကို သေချာစွာမှန်ကန်မှုရှိ/မရှိ စိစစ်ပြီးမှ တင်ပြကြရန် အသိပေးအပ်ပါသည်။၄။ စာချုပ်စာတမ်းများကို မှတ်ပုံတင်ပြီးပါက စာချုပ်တွင် ရေးသားထားသည့် မည်သည့်အချက်အလက်ကိုမဆို လုံးဝ(လုံးဝ) ပြင်ဆင်၍ မရပါကြောင်း အသိပေးအပ်ပါသည်။၅။ စာချုပ်စာတမ်း မှတ်ပုံတင်ပေးရန်ဆောင်ရွက်နေစဉ် ကန့်ကွက်ချက်ရှိပါက ကန့်ကွက်မှုနှင့် ပတ်သက်၍ ကန့်ကွက်ခြင်းကို တင်ပြသူသည် သက်ဆိုင်ရာ တရားရုံးမှ တားဝရမ်းကို တင်ပြရန် တာဝန်ရှိပြီး “ရက်ပေါင်း ၉၀” သတ်မှတ်ကာလအတွင်း တရားရုံး၏ တားဝရမ်းတင်ပြနိုင်ရန် အသိပေးအပ်ပါသည်။၆။ “သတ်မှတ်ရက်အတွင်း”ယာယီတားဝရမ်းတင်ပြနိုင်ခြင်းမရှိပါက စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မည်သည့်ကန့်ကွက်ချက်ကိုမျှ အရေးယူဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။၇။ စာချုပ်စာတမ်းများကို မှတ်ပုံတင်ပေးရာတွင် လျှောက်ထားလာသည့် စာချုပ်စာတမ်းများ၌ ဖော်ပြပါရှိသော မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ပတ်သက်၍ ဆိုင်ရေးဆိုင်ခွင့်ရှိသူတို့မှ ကန့်ကွက်တင်သွင်းမှုများတွင် (၂)နှစ်ထက်ကျော်လွန်သော ကန့်ကွက်မှုများကို အရေးယူဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။(လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးချုပ်၏ ညွှန်ကြားချက် ၂.၁၀.၁၈ ရက်စွဲပါ စာအမှတ် - ၁၁၈၂/၄န-၃/၂၀၁၈) ၈။ ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ မှတ်ပုံတင်ရန် လျှောက်ထားပြသည့် စာချုပ်စာတန်းများသည် မြန်မာစာဖြင့် ရေးသားထားသော စာချုပ်စာတန်းများဖြစ်သည်။ “စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ ၁၈(က)”၉။ မြန်မာစာဖြင့် ရေးသားထားသော စာချုပ်စာတမ်းများမဟုတ်လျှင် နိုတြီပဗ္ဗလစ်က မှန်ကန်ကြောင်းလက်မှတ်ရေးထိုးထားသည့် မြန်မာဘာသာပြန်ဆိုချက်ကို ပူးတွဲတင်ပြရမည်။၁၀။ ရန်ကုန်မြိုက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအနေဖြင့် အရောင်း၊ အပေးစာချုပ်များမှတ်ပုံတင်သွင်းရာတွင် တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ တန်ဘိုးစိစစ်ပြီး စာချုပ်ပါတန်ဘိုးနှင့်အညီ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားသော စာချုပ်စာတမ်းများ လာရောက်မှတ်ပုံတင်ပါက တိုင်းကာလတန်ဘိုး စိစစ်ရေးအဖွဲ့မှ တန်ဘိုးစိစစ်သည့် တစဖ ပုံစံ(၃) ရောက်/မရောက်နှင့် ကန့်ကွက်ချက်ရှိ/မရှိ စိစစ်ပြီးမှသာ လက်ခံပြီး မှတ်ပုံတင်ခပေးသွင်းစေပါသည်။၁၁။ မှတ်ပုံတင်သွင်းလာသည့် စာချုပ်များအနက် (General Power, Special Power) များကို (၁)ပတ်ပြည့်လျှင် ထုတ်ပေးပါသည်။ ကျန်စာချုပ်များကို မှတ်ပုံတင်ကြေးပေးသွင်းသည့်နေ့မှ (၂)ပတ်ပြည့်လျှင် ထုတ်ပေးပါသည်။၁၂။ မည်သည့်စာချုပ်အမျိုုးအစားမဆို သတ်မှတ်ရက်ပြည့်ပြီးပါက ရုံးချိန်အတွင်း နေ့လည် (၂)နာရီနောက်ပိုင်းမှသာ ထုတ်ပေးကြောင်း အသိပေးအပ်ပါသည်။
Source - Dica office