မြေညီထပ်အမြင့်ပြောင်းလဲခြင်းကြောင့် အခက်အခဲဖြစ်နေသည့် ကန်ထရိုက်တာများကိုကူညီပေးရန် (MLCA)သို့လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိနေဟုဆို

မြေညီထပ် အမြင့်ကို ၁၇ ပေအစား ၁၂ ပေ သာ ဆောက်လုပ်ခွင့်ပြောင်းလဲလိုက်ချိန်တွင် အခက်အခဲဖြစ်ပေါ် နေသည့် ကန်ထရိုက်တာများရှိနေ ပြီး ယင်းတို့အခက်အခဲများကို ကူညီပေးရန်(MLCA)သို့ လာရောက်တင်ပြသည့် တိုက်ခန်း ၁၀ဝ ကျော်ရှိကြောင်း မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာအသင်း ချုပ်(MLCA)မှ သိရသည်။

အဆို ပါအခက်အခဲကို မကြာမီကာလအတွင်း ဆောင်ရွက်ပေးမည်ဟု ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီ(ယာ/အုံ)ဌာနမှူးတို့ကပြောကြားထားသည် ဟု မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာအသင်းချုပ ်(MLCA) ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

မတ် ၃ ရက်က Sky Star ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာ အသင်းချုပ် (MLCA)၏ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

""ကန်ထရိုက်တာတွေမှာဖြစ်ပေါ်နေတဲ့အခက်အခဲတစ်ခုရှိပါတယ်။တိုက်တွေဆောက်ရင် ၁၇ ပေအမြင့်ကိစ္စပါ။ တချို့ကလည်းစာချုပ်တွေချုပ်ပြီးသွားပါပြီ။ တချို့ ကလည်းအိမ်ရှင်တွေနဲ့လက်မှတ်တွေထိုးပြီးသွားပြီ။ ပိုက်ဆံတွေ လည်းပေးပြီးသွားပြီ။ အပေးအယူတွေလည်း လုပ်ထားတာတွေ ရှိတယ်။ အဲဒီမှာအသင်းသား တွေအားလုံးကိုကြေညာပါတယ်။အခက်အခဲရှိနေတဲ့အမှန်အကန်သတ်မှတ်ထားတဲ့ ဥပဒေအရအခက်အခဲရှိနေတဲ့ကန်ထရိုက်တာ တွေ ကျွန်တော်တို့ဆီကိုတင်ပြပါ။အသင်းကနေတစ်ဆင့် ဆောင် ရွက်မယ်ဆိုပြီးပြောထားတာရှိပါ တယ်။

တိုက်အလုံးပေါင်း ၁၀ဝ ကျော်တင်ပြလာပါတယ်။ အဲ့ဒါကို (ယာ/အုံ)ဌာနမှူးဆီကိုတင်ပြပြီး တော့မှ ကျွန်တော်တို့အတွင်းရေးမှူးက တစ်စိုက်မတ်မတ်နဲ့လိုက်ပြီး တော့မှ ဆောင်ရွက်နေတာ မကြာခင်အချိန်အတွင်းမှ ဒီဟာကို ဆောင်ရွက်ပေးမယ်လို့ဌာနမှူးကပြောသလို မြို့တော်ဝန်ကြီးကလည်းပြောပါတယ်""ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ်(MLCA)ကိုဖွဲ့စည်းရခြင်းသည် အသင်း သားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်ဖြစ်သည့်အတွက်အသင်းသားများအနေဖြင့်အခက် အခဲများကိုတင်ပြကာ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ဦးကျော် ဝင်းက ပြောသည်။

ယခင်က လမ်းအကျယ်အ ဝန်းနှင့်ကိုက်ညီပါက မြေညီထပ် ကို ၁၇ ပေအမြင့် ဆောက်လုပ် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ၁၂ ပေသာအမြင့်သာ ဆောက်လုပ် ရန် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA) မှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

""ကန်ထရိုက်တာက နဂိုသူ တို့မပြောခင်အချိန်ကစပြီး စာချုပ် ချုပ်ထားတဲ့အလုံးတွေရှိတဲ့အ တွက် အသင်းကိုလာရောက်အကူအညီတောင်းတော့ ဥက္ကဋ္ဌဦးကျော်ဝင်းက ဝန်ကြီးချုပ်ဆီသွားပြီးတော့ တွေ့ဆုံတယ်။ ၁၇ ပေ အမြင့် ဆောက်လုပ်ဖို့ မြေရှင်နဲ့စာချုပ်ချုပ် ထားပြီးဖြစ်တဲ့အတွက် ၁၇ ပေကို တောင်းဆိုတာကို ဝန်ကြီးချုပ်က မြို့တော်ဝန်ကိုစာနဲ့ ချထားပေး လိုက်တယ်။ ၁၇ ပေအမြင့်ကို တကယ်မြေရှင်နဲ့ချုပ်ထားတာ တွေကိုစိစစ်ပြီး ခွင့်ပြုပေးလိုက်ပါ ဆိုပြီး စာနဲ့ပို့ပေးလိုက်တယ်။ သို့ သော်လည်း ကန်ထရိုက်တာတွေ ကခုထက်ထိမရသေးဘူး""ဟု ၎င်း ကပြောသည်။

အဆိုပါနှစ်ပတ်လည် အခမ်းအနားသို့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA)၏နာယကကြီးများ၊ အသင်းဝင်များ၊ မိတ်ဖက်ညီနောင် အသင်းအဖွဲ့များ၊ ဆောက်လုပ် ရေးလုပ်ငန်းနှင့်ပတ်သက်ဆက် နွှယ်နေသော လုပ်ငန်းရှင်များတက် ရောက်ခဲ့ကြသည်။

Source : Democracy todayProperty.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments