ရေကူးစီမံကိန်း ယခုအစိုးရလက်ထက်၌ အကောင်အထည် ဖော်တော့မည် မဟုတ်


ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ခဲ့သည့် ရေကူးမြို့ပြနှင့် မီဒီယာဖွံ့ဖြိုးရေး စီမံကိန်းကို ယခုအစိုးရသက်တမ်းအတွင်း အကောင်အထည်ဖော်တော့မည် မဟုတ်ဟု အဆိုပါဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးမှ ဒုတိယ အမြဲတမ်း

အတွင်းဝန် ဦးမြင့်ထွေးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရေကူးရုပ်သံလွှင့် စက်ရုံဝန်းကျင်သည် လူနေထူထပ်လာသည့်အတွက် ရုပ်သံထုတ်လွှင့်ရာတွင် အဟန့်အတားဖြစ်ခြင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကို

ရေဒီယိုလှိုင်းများက ထိခိုက်စေနိုင်ခြင်းတို့ကြောင့် စက်ရုံကို ပြောင်းရွှေ့ရန်၊ မီဒီယာကဏ္ဍဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်ရန်နှင့် ပာင်းရွှေ့စရိတ်ကာမိရန်အတွက် စက်ရုံဟောင်းနေရာတွင် မြို့ပြနှင့် မီဒီယာ ဖွံ့ဖြိုးရေး စီမံကိန်းကိုအကောင်


ထည်ဖော်ခြင်း ဖြစ်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ သို့ရာတွင် ရုပ်သံလွှင့်စက်ရုံကို မြို့ပြင်သို့ ပြောင်းရွှေ့တည်ဆောက်ရန်နှင့် စက်ရုံဟောင်းနေရာတွင် ပမာဏကြီးမားသော မြို့ပြနှင့် မီဒီယာဖွံ့ဖြိုးရေးအစီအမံများ အကောင်အထည်ဖော်ရန် ပထမအကြိမ် တင်ဒါခေါ်ယူခဲ့ရာတွင် အောင်မြင်သူ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကြေညာခဲ့သည်။ ပထမအကြိမ် တင်ဒါ အောင်မြင်သူ မရှိသော်လည်း အဆိုပါစီမံကိန်း 


အကောင်အထည်ဖော်ရန် တင်ဒါ ထပ်မံခေါ်ယူမည် မဟုတ်တော့ကြောင်းနှင့် ယခုအစိုးရလက်ထက်အတွင်း စက်ရုံရွှေ့ပြောင်းရေး ဆောင်ရွက်မည်မဟုတ်ဟု ဦးမြင့်ထွေး ကပြောသည်။ “ဒီအစိုးရ သက်တမ်းအတွင်းမှာတော့ စီမံကိန်းအကောင်အထည်ဖော်ရေး ဆက်မလုပ်တော့ဘူး။ စီမံကိန်းအတွက် အခုတင်ထားတဲ့ အဆိုပြုလွှာတွေကို နောက်အစိုးရ လက်ထက် စီမံကိန်းဆက်လုပ်ခဲ့ရင် ကြည့်ရှု နိုင်အောင် မှတ်တမ်းအဖြစ် ထားပါမယ်” ဟု

၎င်းက ပြောသည်။ စီမံကိန်းအတွက် တင်ဒါကို မေလအတွင်းက စတင်ခေါ်ယူခဲ့ရာ ကြေညာပြီး ရက်ပိုင်းအကြာတွင် တင်ဒါလုပ်ငန်းစဉ်အတွင်း ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် အလွဲသုံးစားမှု ဖြစ်နိုင်ခြေရှိခြင်း သုံးသပ်ချက်တို့ဖြင့်

ပြည်ထောင်စု လွှတ်တော်က ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တင်ဒါ ပိတ်သိမ်းရက်ကို တစ်လတိုးမြှင့်ခဲ့သည်။ တင်ဒါကာလအတွင်း ကုမ္ပဏီ ခြောက်ခုက တင်ဒါ ပုံစံများ ဝယ်ယူခဲ့ပြီး ကုမ္ပဏီ နှစ်ခုကအဆိုပြုလွှာများ တင်သွင်းခဲ့သည်။ “ရေကူးစက်ရုံ ရွှေ့တာကို ဝန်ကြီးဌာနက နှစ်နှစ်အတွင်း ပြီးစီးချင်တယ်။ အဆိုပြုလွှာတွေမှာလေးနှစ် အချိန်ယူထားတယ်။ နောက်တစ်ခုက အဆိုပြုလွှာတွေမှာ 


အများပြည်သူသုံးနေရာအတွက် မနေရာလျာထားချက်က ဝန်ကြီးဌာနက လိုချင်တာထက် နည်းနေတယ်။ အဓိကကတော့ ဒီနှစ်ချက်ပါပဲ။ နောက်တာဝါတိုင်အမြင့်စတဲ့ တခြားအချက်လေးတွေလည်း မကိုက်ညီလို့ တင်ဒါအောင်မြင်သူ မရှိခဲ့တာပါ” ဟု ဦးမြင့်ထွေးက ပြောသည်။ “နိုင်ငံရဲ့ မီဒီယာကဏ္ဍအခြေအနေအရ ဒီလောက်ကြီးမားတဲ့ မီဒီယာဆိုင်ရာ စီမံကိန်းမျိုးအရေးတကြီး လုပ်ဖို့လိုတယ်လို့ မယူဆပါဘူး” ဟု မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) 


ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)က ပြောသည်။


Facebook comments