တောင်ကြီးမြို့ ခြောက်မိုင်အကွာ စီးပွားရေးဇုန်အနီး မြေကွက်တွေ အရှုပ်အရှင်း ဖြစ်မှာ စိုးလို့ အရောင်းအ၀ယ်အေးစက်
တောင်ကြီးမြို့နဲ့ ခြောက်မိုင်အကွာ စီးပွားရေးဇုန်အနီး က မြေကွက်တွေကို ၀ယ်ယူသူတွေ စိတ်ဝင်စား နေပေမဲ့ မြေပိုင်ဆိုင်မှု အရှုပ်အရှင်းပြဿ
နာ တွေ ဖြစ်မှာ စိုးရိမ်တာကြောင့် အရောင်းအ၀ယ်အေးစက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။
သည်နေရက မြေကွက်တချို့မှာ အစိုးရပိုင်မြေတွေနဲ့ မူလပိုင်ဆိုင်တဲ့ တောင်သူမြေတွေ ရောထွေးနေကြောင့် မ၀ယ်ရဲကြတာလို့ အရောင်းအ၀ယ် လုပ်နေသူတွေက ဆိုပါတယ်။
မူလပိုင်ရှင် တောင်သူတွေထံကနေ ၀ယ်ရောင်းလုပ်သူတွေက ဧကအလိုက်ဝယ်ပြီး အကွက်ရိုက်ရောင်းချတောတွေ လုပ်နေတာပါ။ ပေ ၄၀×ပေ၆၀ အကွက်တွေုကိ သိန်းဆယ်ဂဏန်းကနေ ရာဂဧန်းအထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
မြေ၀ယ်ရောင်းလုပ်နေတဲ့ မချို က အစိုးရပိုင်တဲ့ မြေဆိုရင် ဆိုင်းဘုတ်တွေ ထောင်ထားတယ်။ ရောင်းဝယ်ခွင့် မပြုရဘူးဆိုပြီး သတိပေးစာဆိုင်းဘုတ်တွေ ကပ်ထားတာတွေလဲ ရှိတော့ ကြောက်ကြ တာလေ။ မြေကွက်တကယ်ပိုင် မပိုင် ရပ်ကွက်ရုံးတွေမှာ စစ်လို့ ရတယ်။ တချို့ တွေက အသိမ်းခံထား ရတဲ့ မြေထင်ပြီး မ၀ယ်ရဲကြဘူး။ လက်ထဲ ပိုက်မိနေသူတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။ မြေ၀ယ် ချင်သူအများစုဟာ နေထိုင်ဖို့ထက် အမြတ်ရရင် ထုတ်ရောင်းဖို့ ပိုပြီးတော့ စိတ်ဝင်စားကြ တယ်လို့ မြေ၀ယ်ရောင်းလုပ်သေူတွေက ဆိုပါတယ်။
ဝယ်ရောင်းလုပ်နေတဲ့ မသန္တာက ဒီနေရာက ဈေးကလဲ ကြီးတယ်လေ၊ ဒီနေရာနဲ့ သိပ်မဝေးဘူး အရှုပ်အရှင်း ကင်းတဲ့ ညို့မီးရွာ ဘက်ကို ၀ယ်ဖို့ ၀ယ်သူတွေကို ပြရတာလဲ ရှိတယ်။ တချို့ကလဲ အစိုးရအကူးအပြောင်းဆိုတော့ မ၀ယ်ရဲဘဲ စောင့်ကြည့်နေကြတော့ အရောင်းအ၀ယ် မရှိသလောက်အေးတယ်လို့ ပြောပါတယ်။
Source: The Modern
Facebook comments