ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း မကြာမီစတင်မည်ဟု စီးပွားကူးသန်းဝန်ကြီးပြော

ကျောက်ဖြူအထူးစီးပွားရေးစီမံကိန်းကို အကြွေးထောင် ချောက်အတွင်း ကျရောက်မည်ဟု ရေးသားပြောဆိုနေခြင်းသည် မိမိ တို့ကို တိုက်ခိုက်လို၍ဖြစ်ပြီး ထိုစီမံ ကိန်း မကြာမီစတင်မည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြော သည်။

အဆိုပါစီမံကိန်းကို လက်ရှိ တွင် ပြန်လည်သုံးသပ်နေခြင်း မဟုတ်ဘဲ တင်ဒါအောင်မြင်ထား သည့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီနှင့် ညှိနှိုင်းနေပြီး သဘော တူညီမှုရရှိရန် အလားအလာ ကောင်းမွန်ကြောင်း ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

‘‘တချို့က အကြွေးတင်နိုင် မလားဆိုတဲ့ စိုးရိမ်သောကနဲ့ ရေးသလို တချို့ကလည်း ကျွန် တော်တို့အပေါ် တိုက်ခိုက်ချင်လို့ ရေးတယ်လို့ပဲ ယူဆပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စီမံကိန်း အကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားမှုနှင့် စီမံခန့်ခွဲမှု အဆင့်မြှင့်တင်ခြင်းကို အစိုးရက အဓိကစဉ်းစားဆောင်ရွက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကြီး နေခြင်းကြောင့် အကြွေးနွံနစ်မည် ကို ဝေဖန်နေခြင်းဖြစ်ကြောင်း ဒေါက်တာသန်းမြင့်ကဆိုသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားနေခြင်းကို လျှော့ချရန် စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖော်ခြင်းဖြစ် ကြောင်း မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးဒေါက်တာသန်းမြင့် က ပြောသည်။

အပိုင်းလိုက်ခွဲ၍ အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ ဘက်က ရင်းနှီးမြှုပ်နှံနိုင်သည့် ပမာဏ၊မြန်မာ့လုပ်ငန်းရှင် ပါဝင်နိုင်သည့် အနေအထားနှင့် မြန်မာ ဘက်က စီမံခန့်ခွဲနိုင်သည့် အရွယ် အစားအတိုင်းသာ အကောင် အထည်ဖော်မည်ဟု ၎င်းက ပြောသည်။

ကျောက်ဖြူ အထူးစီးပွား ရေးဇုန် စီမံကိန်းသည် တရုတ် နိုင်ငံ၏ OBOR (ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု)၏ အဓိက ကျသည့် အစိတ်အပိုင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ် ဖွံ့ ဖြိုးမှုနှင့် တရုတ်နိုင်ငံ ယူနန်ပြည် နယ်၏ ထွက်ပေါက်လည်း ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

ထိုစီမံကိန်းကို အိန္ဒိယ သမုဒ္ဒရာဘက် မျက်နှာမူထား သော ကျောက်ဖြူမြို့တွင် ကန် ဒေါ်လာ ၁၀ ဘီလီယံကုန်ကျခံ၍ အထူးဇုန်တစ်ခု ဖန်တီးရန်ဖြစ် သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်လာမည့် ယင်းစီမံ ကိန်း လျာထားမှုတွင် ကုန်တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင် သော ဆိပ်ကမ်းအနီး ၁,၀၀၀ ဟက်တာကျယ်သော စက်မှုဇုန် တစ်ခုပါဝင်မည်ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်းကမူ Nikkei Asian Review သတင်းဌာနနှင့် ဇူလိုင် ၃ ရက်က အထူးတွေ့ဆုံ မေးမြန်းခန်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အရွယ်အစား လျှော့ချရေး တရုတ်ထံ တောင်းဆိုကြိုးပမ်း မည်ဟု ပြောကြားထားသည်။

‘‘မလိုအပ်တဲ့ ကုန်ကျစရိတ် တွေအားလုံးကို ကျွန်တော်တို့ လျှော့ချသင့်ပါတယ်။ စီမံကိန်း တွေကြီးလေ ပြန်ပေးရဖို့က တာဝန်ပိုကြီးလေပါပဲ’’ဟု ဦးစိုး ဝင်းက ပြောသည်။ မြန်မာဘက် က မည်မျှလျှော့ချလိုသည်ဆို သော ကိစ္စသည် ညှိနှိုင်းမှုအပေါ် မူတည်နေပြီး အတိအကျမပြော နိုင်သေးဟု ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၅ က တရုတ် အစိုးရ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CITIC အုပ်စုဦးဆောင်သည့် လုပ်ငန်းစု တစ်ခုက ယင်းဇုန်ကို ဖော်ဆောင် ခွင့် ရရှိခဲ့သည်။

Source : 7Daydaily

Facebook comments