မကြာမီ နေရာချထားပေးတော့မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ

တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပြီးစီးသွားသည့် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာတိုက်ခန်းပေါင်း ၂၆ဝ မကြာမီ နေရာချထားပေးတော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အခန်းများအားလုံးပြီးစီးပြီ။မီတာဘောက်မရသေးလို့မီးမရသေးခြင်းဖြစ်သည်။မကြာမီ ရက်ပိုင်းတွင် မီတာဘောက်တပ်ပြီးရင်နေထိုင်ခွင့်ရပြီဖြစ်သည်။

နေရေးအခက်အခဲရှိသော ဝန်ထမ်းများအတွက် နှစ်စဉ်အိမ်ရာများဆောက်လုပ်ပေးနေသလို ဆောက်လုပ်ပြီးသည့်အိမ်ရာများမှာလည်း အမြန်ဆုံးနေထိုင်ခွင့် ရအောင်ကြိုးစားနေကြောင်း တိုင်းဒေသကြီးမြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ယင်းနိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခွင့်ရရှိရန် လျှောက်ထားသူဦးရေမှာ တစ်ထောင်ကျော်ရှိသော်လည်း လျှောက်ထားဆဲကာလမှာပင် ပြောင်းရွေ့သွားသူများ၊နုတ်ထွက်သွားသူများ နှင့်အငြိမ်းစားယူသွားကြသူများ၏ စာရင်းကိုပြန်လည် စီစစ်ပယ်ဖျက်သွားပါက လျှောက်ထားသူဦးရေလျှော့ကျသွားမည်ဖြစ်သည်။

ယင်းအောင်မြင်မန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် မန္တလေးခရိုင်အတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနက် ဝင်ငွေနည်း ဝန်ထမ်းများနှင့် ဆရာ ဆရာမ များကို ဦးစားပေးရွေးချယ်၍နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နိုင်ငံ့ဝန်ထမ်း ၅၆၁၆၂ ဦးရှိရာ ၎င်းတို့အတွက် ဆောက်လုပ်ပြီးစီးသည့် အိမ်ရာတိုက်ခန်း မှာ ၃ဝ၃ဝ သာရှိသည့်အတွက်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည့် ရာခိုင်နှုန်းမှာ ၅ ဒသမ ၃၉ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းသိရသည်။

Source :The Mirror

Facebook comments