ရန်ကုန် မြေအသုံးချမှုနှင့် အမြင့်သတ်မှတ်ချက်ဇုန် ဒီဇင်ဘာတွင် ထွက်မည်

ဧရိယာများကို အသုံးချမှု သတ်မှတ်ချက်နှင့် ဧရိယာအလိုက် အဆောက်အအုံအမြင့် သတ်မှတ်ချက်မှား ပါဝင်မည့်မြို့ မြေအသုံးချမှုဇုန် (Zoning Plan ) ကို လာမည့် ဒီဇင်ဘာတွင် အပြီးသတ်ရေးဆွဲမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ အဆိုပါ ဥပဒေကြမ်း ရေးဆွဲရန် ၂၀၁၃ ခုနှစ် ၊ မေလတွင် မြို့တော်စည်ပင်က ဦးဆောင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (ဂျိုက်ကာ) က ပညာရှင်များ ပူးပေါင်းကာ နိုင်ငံတကာ နည်းလမ်းများအတိုင်း ရေးဆွဲ နိုင်ရန် စတင်ဆောင်ရွက်ခဲ့ကြသည် ။ ယခုအခါ မူကြမ်းရရှိလာပြီဖြစ်၍ ယင်းကို လာမည့် ဒီဇင်ဘာလအတွင်း အချောသပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူထံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင် တာဝန်ရှိသူ တစ်ဦးက ပြောသည် ။

အဆိုပါ မြို့မြေ အသုံးချမှုဇုန် (Zoning Plan ) နှင့် ပတ်သက်သော သတ်မှတ်ချက်များကို ပြဋ္ဌာန်းပြီးပါက အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဥပဒေပါပြဋ္ဌာန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့တော်စည်ပင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာတိုးအောင်က ပြောသည်။ ယခုကဲ့သို့ ရန်ကုန်မြို့ မြေအသုံးချမှုဇုန် ရေးဆွဲသတ်မှတ်ခြင်းသည် ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်နေသော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (Greater Yangon )၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာ၌ မြို့ကို ရေရှည်တည်တံ့ဖွံ့ဖြိုးရန်နှင့် မြို့ပြလက္ခဏများထိန်းသိမ်းရန် အဆောက်အအုံအမြင့်များကို သတ်မှတ်ခြင်းဖြစ်ကြောင်း မြို့ပြစီမံကိန်းရေးဆွဲးရေးပညာရှင် ဒေါ်လှိုင်မော်ဦး ကပြောသည် ။

Source : Myanmar Times

Facebook comments