
မန္တလေးမြို့နေရာတချို့ ပေ၄၀- ပေ၆၀ မြေကွက်တွေ ဈေးလျှော့ရောင်း**************************မန္တလေးမြို့နေရာတချို့ ပေ၄၀- ပေ၆၀ မြေကွက်တွေ ဈေးလျှော့ရောင်းချနေတာတွေ ရှိလာတယ်လို့ သိရပါတယ်။မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်က မြေကွက်တချို့နဲ့ ချမ်းမြသာစည် မြို့နယ်၊ မနော်ဟရီလမ်း တောင်မြောက် ဝဲယာက မြေကွက်တေါကို ငွေလိုအပ်နေသူတွေက ဈေးလျော့ရောင်းချကြတာလို့ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးကပြောပါတယ်။ငွေလိုတဲ့သူတွေပေါ့၊ ငွေလိုတော့ သူတို့လက်ထဲရှိတာကို ထုတ်ရောင်းကြတယ်၊ ဈေးတန်းကတော့ သူများနဲ့နည်းတူမရဘဲ ချရောင်း၇တာပေါ့၊ တချို့သိန်း၅၀၀နဲ့ ချရောင်းတာမျိုး တချို့ ဌာနဆိုင်ရာတွေကလဲ သူတို့ပိုင်တဲ့မြေလေးတွေကို ထုတ်ရောင်းကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစိတဲ့ ဦးမင်းကပြောပါတယ်။အများအားဖြင့်တော့ သိန်း ၆၅၀နဲ့ သိန်း ၇၀၀ တန်းဖိုးရှိ ပေ ၄၀-ပေ၆၀ မြေကွက်တွေကို ရောင်းချကြတာများတယ်လို့ဆိုပါတယ်။ချမ်းမြသာစည်မြိုကနယ်တွေမှာ ပေ၄၀-ပေ၆၀ အကျယ်မြေကွက် တွေကိုသိန်း ၆၅၀၊ သိန်း ၇၀၀၊ ၅ပေ-= ၄၀ပေ မြေကွက်တေါကို ကျပ်သိန်း ၂၀၀ နဲက ရောင်းချကြတယ်လို့ သိရတယ်။ရောင်းတဲ့သူက ပိုများတယ် ယယ်တဲ့သူက နေဖို့ဝယ်ကြပါတယ်၊ ဒါပေမဲ့ သူတို့သူတွေက ပုံမှန် ဈေးနှုန်းကိုတော့ မဝယ်ဘူး၊ ဈေးချရောင်းတာကိုစောင့်ပြီ ဝယ်ကြတာ၊ အိငှားနေမယ့်သူတွေက အိမ်မငှားတော့ဘဲ ကိုနိုင်တာလေးယယ်ပြီ နေကြတာပေါ့၊ ချရောင်းလို့လဲ အရောင်းအယယ်ဖြစ်နေတာလို့ ဦးမင်းက ရှင်းပြပါတယ်။

Source : Modern

Facebook comments