မြန်မာတစ်နိုင်ငံလုံးရှိ ရွှေဆိုင်များတွင် ရှေးယခင်မှ အောက်တိုဘာလ ၂၄ ရက်အထိ အသုံးပြုနေသော ရွှေအလေးချိန် ကျပ် ပဲ ရွေးအစား အခေါ်အဝေါ်များကို ဂရမ် ပြောင်းလဲကျင့်သုံးရန် ဝန်ကြီးဌာန ၃ ခုထံ တင်ပြမည်ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းကပြောကြားသည်။
ရန်ကုန်မြိုတွင် အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် အလုပ်အမှုဆောင် အစည်းအဝေးမှ အလေးချိန် အခေါ်အဝေါ် ပြောင်းလဲကျင့်သုံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
“ပြောင်းလဲခြင်းတာတော့ကြာပြီ ခွင့်ပြုချက် ကျလာရင် ပြောင်းမယ်”ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌက ဆိုသည်။
ရွှေအလေးချိန်အတွယ် အခေါ်အဝေါ် ပြောင်းလဲကျင့်သုံးရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်ရေး ဝန်ကြီးဌာနတို့ကို တင်ပြမည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
မြို့ကြီးများရှိ ရွှေရောင်းဝယ်မှုများတွင် ရွေးအချိန်အတွယ်နှင့် တစ်ပဲအချိန်အတွယ်များ မတူညီမှုရှိသောကြောင့် နိုင်ငံတကာ စံနှုန်းနှင့်ကိုက်ညီစေရန်အတွက် ရွှေတစ်ကျပ်သားကို ၁၆ ဒသမ ၆၀၆ ဂရမ်ထားပြီးကျင့်သုံးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသုံးခုထံ တင်ပြ၍ အဆုံးအဖြတ်ရယူကျင့်သုံးမည်ဟု ဦးတင်ထွန်းက ထပ်လောင်း ပြောကြားသည်။
Source : The Voice