ရန်ကုန် မှချောင်းသာသို့ အချိန် တစ်နာရီခွဲ ခန့်အတွင်း ရောက်ရှိနိုင်မည့် မိုးပျံလမ်း (Elevated Road) ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းလမ်းမကြီးတစ်ခု ဖောက် လုပ်ရန် Myanmar Construction & Development Public(MCD) ကုမ္ပဏီက သက်ဆိုင်ရာအစိုးရအ ဖွဲ့ထံ အကြံပြုချက်(Proposal) တင် ပြထားခဲ့ရာ အစိုးရမှ လမ်းဖောက် ရာတွင် လိုအပ်သည့် လေ့လာမှုများ၊ တိုင်းထွာစစ်ဆေးမှုများ ဆောင်ရွက် ရန် ခွင့်ပြုထားပြီဖြစ်ကြောင်း MCD ကုမ္ပဏီမှ Board of Secretary ဦးရဲလင်းကပြောသည်။ယင်းနှင့်ပတ်သက်ပြီး စက် တင်ဘာ ၁၂ ရက် က UMFCCI တွင်ပြုလုပ်ခဲ့သည့် Construcrion, Power & Mining Myanmar ၂၀၁၇ ခုနှစ်ပြပွဲနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲအပြီး တွင် ဦးရဲလင်းက မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ် သည်။
""ရန်ကုန်ကနေချောင်းသာ ကိုသွားဖို့အတွက် မြေကြီးပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်ထားတဲ့ လမ်းကသတ်သတ် ပေါ့လေ။ ခုဖောက်မှာကမြေကြီး ပေါ်ကမဟုတ်ဘူး။ ချောင်းသာကို အမြန်ဆုံးရောက်နိုင်မယ့် လမ်း ကြောင်းကိုရွေးပြီး မြေကြီးပေါ်မှာ တိုင်တွေစိုက်ပြီး Elevated Road) တည်ဆောက်မှာပေါ့။တစ် နည်းအားဖြင့်မိုးပျံလမ်းပေါ့။ ရန် ကုန်ကနေချောင်းသာကို နာရီဘယ် လောက်နည်းနည်းနဲ့သွားနိုင်မလဲ။ အဲဒီလိုသွားဖို့ဆိုရင် တိုင်တွေ ဆောက်ရမယ်။ တိုင်ဆောက်တဲ့ အခါမှာ လယ်ကွင်းတွေ ဖြတ်ရ မယ်။ အဲဒီလမ်းဖောက်တဲ့အခါ မှာ မြေသားခံနိုင်ရည်စွမ်းအား၊ လမ်းကတကယ်ထိရောက်မှုရှိ၊ မရှိ။ ပြည်သူတွေအတွက်တကယ် ထိရောက်လားဆိုတွေကိုခုလေ့လာ ဖို့ အစိုးရကခွင့်ပြုထားပီဖြစ်လို့ လေ့လာနေပါပြီ""ဟု ၎င်းင်းကပြော သည်။ယင်းလမ်းဖောက်ရန်အတွက် လေ့လာစမ်းစစ်မှုများကို Myanmar Construction & Development Public(MCD) ကုမ္ပဏီနှင့် ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့်KECC နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
လမ်းဖောက်လုပ်ရန်အတွက် လိုအပ်သည့် မြေပြင်ကွင်းဆင်းလေ့ လာစစ်ဆေးမှုများ ဆောင်ရွက် နေသကဲ့သို့ လမ်းဖောက်လုပ်မည့် လမ်းအူကြောင်း ရှာဖွေရေးကို ဂြိုဟ်တု (Satellite) တို့ဖြင့် ရှာဖွေ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေ ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီနှစ်ခု ပူး ပေါင်း၍ လေ့လာမှုများဆောင်ရွက် နေခြင်း ကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး အတွင်း ရေနက်စီမံကိန်းတည် ဆောက်ရေးပရောဂျက်တွင် ယင်း (ElevatedRoad) တည်ဆောက် ရေးပါပူးတွဲပါဝင်ခြင်းဖြစ်သည့် အတွက် လက်ရှိတွင်ဧရာဝတီရေ နက်စီမံကိန်းအတွက်ပါလိုအပ် သည့် လေ့လာစစ်ဆေးတိုင်းတာမှု များကို ဆောင်ရွက်နေကြပြီဖြစ် ကြောင်း သိရသည်။
Source : Democracytoday