ကျန်စစ်မင်းတန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာစီမံကိန်း ၉၀ ရာခိုင်နှုန်းပြီးစီး

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောက်လုပ်နေသည့် လူနေတိုက်ခန်းပေါင်း ၃ဝဝဝကျော် ပါဝင်သည့် ကျန်စစ်မင်းတန်ဖိုးနည်း နှင့် တန်ဖိုးလတ် အိမ်ရာ စီမံကိန်းမှာ ရာခိုင်နှုန်း ၉ဝကျော်ပြီးစီးနေပြီဖြစ် ပြီး ယခုနှစ်အပြီးသတ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ကျန်စစ် သားလမ်းနှင့် ညောင်တုန်းလမ်းထောင့် တွင် ၂၀၁၄ခုနှစ်မှစတင်ကာ အပိုင်း သုံးပိုင်းခွဲ ဆောက်လုပ်နေခြင်းဖြစ် ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဇူလိုင် ၁၈ရက်က သိရသည်။

""ကျန်စစ်မင်းအိမ်ရာစီမံကိန်းက တန်ဖိုးနည်းက ၉ဝရာခိုင်နှုန်းလောက် ပြီးေ နပြီ။ တန်ဖိုးလတ်နဲ့ တန်ဖိုးနည်း နှစ်ခုစလုံးက ရောနေတယ်။ အဲ့ဒါကို ပြန်ခွဲ ထုတ်ရဦးမယ်။ လတ်တလော ရောင်းဖို့မရှိသေးဘူး""ဟု မြို့ပြနှင့်အိမ် ရာဖွံ့ြ ဖိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှဆောက်လုပ်လျက်ရှိသည့် တန် ဖိုးနည်း အိမ်ရာများကို ထိုဘဏ် တွင် စုငွေအိမ်တန်ဖိုး၏ ရာခိုင်နှုန်း ၃ဝပြည့်မီသူ၊ အ မှန်တကယ်နေထိုင် စရာမရှိသူကိုသာ ရောင်းချနေခြင်း ဖြစ်ပြီး ပွဲစားများဖြင့် တစ်ဆင့်ခံဝယ် ယူရောင်းချနေခြင်းမဟုတ်ပေ။သို့သော် ယခုဆောက်လုပ်နေ ဆဲဖြစ်သည့် ကျန်စစ်မင်းအိမ်ရာစီမံ ကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနမှရောင်းချခြင်းမရှိသေး သော်လည်း ပွဲစားများက ဝယ်ယူလို သူများကို ဝယ်ယူခွင့်ရရှိရန်ဆောင် ရွက်ပေးမည်ဆို သည့်အသံများ ထွက် ပေါ်နေကြောင်း စီမံကိန်းအနီးရှိဒေသခံ အချို့ထံမှ သိရသည်။

""ဆိုက်ကားသမားတွေဆီက တောင်ကြားရတယ်။ အဲ့ဒီတိုက်ခန်း တွေ ဝယ်ချင်တဲ့သူရှိရင် ချိတ်ပေးမယ် ဆိုပြီးပြောတယ်။ တချို့နယ်ဘက်က လူေ တွက မရောင်းသေးတာကိုမသိ တော့ အိမ်ရာတွေကလည်း အတော် ပြီးနေေ တာ့ အလိမ်ခံရနိုင်တယ်""ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းကြောင့် အဆိုပါနေရာများ ကိုရောင်းချမည်ဆိုပါက အများပြည် သူသိ ရှိစေရန် ကြေညာပေးသွားမည် ဖြစ်ပြီး လက်ရှိတွင်လည်း ရောင်းချ ခြင်း မရှိသေးကြောင်းကို ဆိုင်းဘုတ် များထောင်ပေးထားကြောင်း၊ လက်ရှိ ရောင်း ချနေသည်မှာ ရွှေလင်ဗန်းတန် ဖိုးနည်းအိမ်ရာ၊ ယုဇနတန်ဖိုးနည်း အိမ်ရာ၊ ကနောင်တန်ဖိုးသင့်အိမ်ရာ မှ လူနေတိုက်ခန်းပေါင်း ၁၅၅၂ ခန်း သာဖြစ်ေ ကြာင်း ဝယ်ယူလိုသူများသည် ဇူလိုင် ၁ဝရက်မှ ၂၁ရက်အတွင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၌ လျှောက်ထားနိုင်ကြောင်း သိရသည်။

Source : Democracytoday

Facebook comments