ကမ္ဘာ့ရွှေဈေးအပြောင်းအလဲတွေကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၉ သိန်းအောက်ရောက်ရှိလာနေတယ်လို့ မြန်မာနိုင် ငံရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတွေထံကသိရပါတယ်။
ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေးလိုက်
ပါကျဆင်းလာခြင်းဖြစ်ပြီး ဒေါ်လာငွေလဲလှယ်နှုန်းနဲ့ အ
ရောင်းအဝယ်ကတော့ ပုံမှန်အနေအထားမှာရှိနေတယ်
လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေထံကသိရပါတယ်။
တိတ်စိန်ရွှေဆိုင်ရှင်ဦးဇော်အောင်က “ ကမ္ဘာ့ဈေးကျတဲ့အ တွက် ပြည်တွင်းရွှေးဈေးလည်း အကျဘက်ရောက် လာတယ်၊ ဒီနေ့ဈေးကကျပ် ၈၉၄၀၀၀ ပဲရှိတော့တယ်၊ ကမ္ဘာ့ဈေးက ၁၂၂၂ ဒေါ်လာလောက်မှာရှိနေတာ”လို့
ပြောပါတယ်။
ဇူလိုင်လဆန်းပိုင်းကမ္ဘာ့ရွှေတစ်အောင်စကို ၁၂၅၀ ဒေါ်လာအထိရှိခဲ့ချိန်မှာ ပြည်တွင်းရွှေဈေးက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၉ သိန်း ၁ သောင်းဝန်ကျင်အထိရှိခဲ့ပါတယ်။
ဒေါ်လာဈေးက ၁၃၅၂ ကျပ်ဝန်းကျင်မှာရှိခဲ့ ပါတယ်။
ရွှေဈေးအပြောင်းအလဲတွေဖြစ်ပေါ်နေပေမယ့်
ဈေးကွက်ဝယ်လိုအားအေးနေပြီး ပြီးခဲ့တဲ့နှစ်တွေ
ထက် ရွှေရောင်း ရွှေဝယ်က ပိုမိုကျဆင်းလာခဲ့
တယ်လို့ တိတ်စိန်ရွှေဆိုင်ရှင်ဦးဇော်အောင်ကပြော
ဆိုထားပါတယ်။
Source : SFJ Strategy Firs\
http://www.property.com.mm/index.php/en/174/news