ဗဟန်းမြို့မှာ ကျူးကျော်အိမ်ထောင်စုစာရင် သည်လ ၁၂က်နေ့ စတင်ကောက်ယူမည်

ဗဟန်းမြို့နယ်ကကျူးကျော်အိမ်ထောင်စုအသိမှတ်ပြုစာရင်းကို သည်ဇွန်လ ၁၂ ရက်နေ့ စတင်ကောက်ယူမယ်လို့ ဗဟန်းမြို့နယ်လွှတ်တော်ကိုယ်စာလှယ် ဦးသောင်းထွဋ်က ပြောပါတယ်။

ဗဟန်းမြို့နယ်မှာ ကျူးကျော်အိမ်ထောင်စုအသိမှတ်ပြု စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီး အငြင်းပွာမှုတချို့လည်း ဖြစ်ပေါ်နေပါတယ်။ဗဟန်းမြို့နယ်(ဂွတ္တလစ်) ဆရာစံ မြောက်ရပ်ကွက် ၊ အနောက်မြို့ပတ်လမ်းအပိုင်း ၁၊ ၂၊ ၃ ၊ ၄ နေအိမ်တွေကို ကျူးစာရင်းထဲထည့်ဖို့ အသိပေးတာနဲ့ပတ်သက်ပြီး အငြင်းပွားမှု တချို့ဖြစ်ပေါ်နေပါတယ်။သည်ရပ်ကွက်မှာ နှစ်၉၀ ခန့််အထိ နေထိုင်လာသူတွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။

ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ‘ ကောက်ယူရန် သက်သက်ပါပဲခင်ဗျာ ၊ ဒီ့အပြင် မြို့နယ်တွေလဲ ကောက်ခဲ့ပြီးပြီ လေ။ ဗဟန်းမြို့နယ်ရောက်လာလို့ပါ၊ စာရင်းကောက်ယူရုံသက်သက်ပါ၊ ဘာမှမစိုးရိမ်ကြပါနဲ့၊ တကယ်ကျူးတာတွေပဲ ကောက်တာလေ၊ ဘယ်လောက်ပဲနှစ်ကြာကြာပေါ့၊ ကောက်ထားရုံသက်သက်ပဲ၊ စာရင်းပြုစုထားတာပါ၊ ပြည်သူတွေကိုအနှောက့်အယှက်ပေးတာ၊ အန္တရာယ်ဖြစ်အောင်လဲ တစ်ခုမှ လုပ်မှာ မဟုတ်ဘူး ‘ ပြောပါတယ်။

လက်ရှိဗဟန်းမြို့နယ်မှာ ကနေဦးစာရင်းတွေအရ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု ၉၇၂စုရှိတယ်လို့ သိရပါတယ် ။ကာလရှည်နေထိုင်တဲ့ ကျူးကျော်တွေများ တယ်လို့ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး အတွင်းက ကျူးကျော်နေထိုင်သူတွေကို ကျူးကျော်အိမ်ထောင်စု အသိမှတ်ပြုစာရင်း ကောက်ယူပြီး သက်သေခံကတ်ပြားတွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူအသိအမှတ်ပြုစာရင်းတွေကို ကောက်ယူဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ မေလ ၁၅ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြာခဲ့တာဖြစ်ပါတယ်။

ကနေ့သီး ကျူးကျော်စာရင်းကောက်ယူတဲ့ Pilot Project ကို ၂၀၁၆ ခုနှစ်စက်တင်ဘာလမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စတင်ကောက်ယူခဲ့တယ်။

၁၃မြို့နယ်ကို ကျူးကျော်အိမ်ထောင်စု သက်သေခံစမတ်ကတ်တွေထုတ်ပေးခဲ့ပါတယ်။

Source : The Modern
Property Links >>>>>>>>>http://property.com.mm/index.php/en

Facebook comments