မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်အားနည်းနေပေမဲ့ အိမ်ခြံမြေကသာ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ လူအများစုက လက်ခံယူဆနေကြပါတယ် ။ လူနေထိုင်မူ့ ကျဲပါးတဲ့ ဧရိယာတွေမှာ အရင်အရောင်းအဝယ်သွက်စဉ်က ဈေးနှုန်းမျိုးနဲ့ ခုလက်ရှိမှာ စိတ်ဝင်စားသူနည်းပါးပေမဲ့ လူနေထိုင်ပြီးဖြစ်တဲ့အိမ်ခြံမြေအကွက်တွေ ၊ အခြေခံလူနေမှုအဆောက်အအုံတွေနဲ့ ပြည့်စုံပြီးဖြစ်တဲ့ အကွက်တွေကတော့ ဈေးကောင်းရနေဆဲ ဖြစ်ပါတယ် ။ လူနေမှုသိပ်သည်းတဲ့ ဧရိယာတွေမှာ သိန်း ၃၅၀၀ ဝန်းကျင်ကနေ သိန်း ၁၅၀၀ အတွင်း ဈေးနှုန်းအပြောင်းအ လဲတွေရှိပေမဲ့ ငွေကြေးလိုအပ်တဲ့သူတွေကလွဲပြီး ဈေးနှုန်းသိသိသာသာ လျှော့ပြီး ရောင်းချတာမျိုး နည်းပါးတယ်လို့ သိရပါတယ် ။ ဈေးကွက်တောင်းဆိုမှုကောင်းတဲ့ အိမ်ခြံမြေတွေမှာ နေထိုင်ဖို့ စိတ်ကူးသူတွေက မတတ်နိုင်ရင်တောင် မြေတစ်ခြမ်းမှာ ဆောက်ပြီးနေဖို့ စဉ်းစားကြတယ် ။
ဈေးကွက်တောင်းဆိုမှုကောင်းတဲ့ ၊ လူနေထိုင်မှုသိပ်သည်းပြီး ဈေးနှုန်းအလယ်အလတ်ဖြစ်တဲ့ မြို့သစ်ရပ်ကွက်တွေ ၊ မဟာမြိုင်ရပ်ကွက် ၊ ထန်းကိုးပင် ၊ မြရည်နန္ဒာရပ်ကွက်တွေမှာ အများဆုံးဝယ်ယူတာတွေတွေ့ ရပြီး ငွေကြေးတတ်နိုင်လို့ပဲဖြစ်ဖြစ် ၊ ငွေဝိတ်လျှော့ပြီးနေဖို့ပဲဖြစ်ဖြစ် အဲသည်ဧရိယာတွေကို စိတ်ဝင်စားမှုများပါတယ် ။ အရောင်းအဝယ်အေးနေချိန်မှာ သင့်တင့်တဲ့ အလယ်အလတ်နှုန်း တန်းတွေ ဣန္ဒြေရရနေနိုင်ပြီး ဈေးကွက်ပြန်သွက်ရင် ဈေးပိုမာနိုင်တဲ့ အနေအထားရှိပါတယ် ။
Source : The Modern
Property Links >>>>>>>>>http://property.com.mm/index.php/en