မြန်မာ့ရွှေဈေး တည်ငြိမ်နေ

ပြည်တွင်းရွှေဈေးဟာ အခုရက်ပိုင်းအတွင်း အနည်းငယ် တည်ငြိမ်နေတယ် လို့ ပြည်တွင်းဈေးကွက်အတွင်းက သိရပါတယ်။

ပြည်တွင်းရွှေဈေးကတော့ ပုံမှန်အတိုင်းပဲရှိနေပါတယ်။ ကမ္ဘာ့ဈေးလည်း နည်းနည်းကျတော့ ပြည်တွင်းလည်းလိုက်ငြိမ်တဲ့ သဘောရှိတယ်။ ကမ္ဘာ့ဈေး ကလည်း အကျပိုင်းကို ဦးတည်နေ တယ်။ ငွေဈေးလည်း ငြိမ်နေတော့ ရွှေေ ဈးအေးနေတယ်လို့ ရွှေဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
အာရှဈေးကွက်မှာ တရုတ်နိုင်ငံရဲ့ရွှေဝယ်လိုအားမြင့်တက်လာ တာကြောင့် ယနေ့မှာတော့ ရွှေဈေးဟ မဆိုသလောက်လေး မြင့်တက်လာပါတယ်။ န ယူးယောက် အိတ်ချိန်းမှာတော့ ဇွန်လ အတွက် ရွှေဈေးဟာ ဝ.ဝ၄ ရာခိုင်နှုန်း တက်လာခဲ့ပြီး တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၂၅၇ ဒေါ်လာ ရှိပါ တယ်။ FED ရဲ့ မေလ အစည်းအဝေးမှတ်တမ်းအရ သည်နှစ်အတွင်း စီစဉ် ထားသလိုအ တိုးနှုန်းတက်ရေးရှိနေတာကြောင့် ဈေးကွက်က စိုးရိမ်နေပါ တယ်။ အတိုးနှုန်းသာတင်လိုက်ပါ ရွှေဈေးကျဆင်းလာမှာဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးဟာ ဈေးကွက်အဖွင့်မှာ တစ်ကျပ်သားကို ကျပ် ၉၀၆,ဝ၀ဝ ကျော်ဝန်းကျင်ကနေ စတင်ခဲ့ပြီး ယနေ့မှာတော့ ကျပ် ၉၀၆,ဝ၀ဝ ဝန်းကျင်မှာသာ ရှိနေတာကြောင့် ဈေးငြိမ်နေတဲ့ သဘောရှိနေပါတယ်။ ရှေ့ အပတ်ရွှေဈေးအလားအလာကတော့ ဈေးတည်ငြိမ်နေမယ့် သဘောရှိ တယ်လို့ ရွှေဈေးကွက်လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

Source : The Kumudra

Facebook comments