နေပြည်တော် အိမ်ခြံမြေ ဈေးကွက်အေး

သင်္ကြန်ကာလ အပြီး နေပြည်တော် အိမ်ခြံမြေ ဈေးကွက်မှာ စိတ်ဝင်စားသူ နည်းပါးနေတယ်။ ၂၀၁၆ တုန်းက သင်္ကြန်မတိုင်ခင်မှာ အင်နဲ့အားနဲ့ 
ရောင်းခဲ့ရတဲ့ အချိန်ဟာ သင်္ကြန်ပြီးကာလအထိ ဆက်တိုက် အရောင်းအ ဝယ်ဖြစ်ခဲ့ တယ်၊ ဒီနှစ်ကျတော့အရောင်းအဝယ်က အဲလောက် မကောင်း ဘူးလို့ နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှအတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ်။

နေပြည်တော် တစ်ခုတည်း အိမ်ခြံမြေဈေးကွက်အေးနေတာမဟုတ်ဘဲ အိမ် ခြံမြေဈေးကွက်က တစ်နိုင်ငံလုံးအေးစက်နေတာလို့ အကျိုးဆောင် လုပ်ငန်း ရှင်တွေက ပြောပါတယ်။

ကိုယ့်နေပြည်တော်မှာပဲ အေးနေတာတော့ မဟုတ်ဘူး၊ ရန်ကုန်၊ မန္တလေးက အသိအိမ်ခြံမြေလုပ်ငန်းရှင်တွေ အကျိုးဆောင်တွေလဲ အလုပ်မဖြစ်ဘူး ဆို တာကို ပြောနေကြတာပဲလို့ ဦးကျော်စွာမြင့်က ပြောပါတယ်။
တချို့အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေဟာ အခြားအရောင်း အဝယ် နဲ့ အပြင် စီးပွားရေးတွေပြောင်းပြီးလုပ်ကိုင်နေတဲ့သူတွေလဲ ရှိနေကြတယ်လို့  သိရပါတယ်။

နေပြည်တော်ရဲ့အိမ်ခြံမြေ ဈေးနှုန်းမှာ မြင့်တက်မှုရှိတာကြောင့် အေးနေတာမဟုတ်ဘဲ လုပ်ငန်းရှင်တွေကိုယ်တိုင်ထံမှာငွေလည် ပတ်စီးဆင်းမှု မရှိတာေ ကြာင့် အိမ်ခြံမြေလုပ်ငန်းတွေကိုပါ လာရောက်ထိခိုက်မှုတွေရှိနေတာဖြစ် တယ်လို့လည်း ဦးကျော်စွာမြင့် က သုံးသပ်ပြောကြားပါတယ်။

နေပြည်တော်ရဲ့ လတ်တလောအိမ်ခြံမြေ အရောင်းအဝယ်အခြေနေမှာ အ ငှားဈေးကွက် အနည်းငယ်စိတ်ဝင်စားမှုရှိပြီး စုံစမ်းမေးမြန်းမှုရှိပေမဲ့ အေ ရာင်းအဝယ်ဘက်မှာ ဦးမော့နိုင်စွမ်းမရှိဘူးလို့ အိမ်ခြံမြေအကျိုး 
ဆောင်တွေက သုံးသပ်ပြောဆိုပါတယ်။


Source : The Kumudra

Facebook comments