သီလဝါ- ပဲခူး အဝေးပြေး အဆင့်မြင့်လမ်းမကြီးကို လာမည့်နှစ်အတွင်း စတင်ဖောက်လုပ်သွားမည်

ရန်ကုန်မြို့၏ အဓိကစီးပွားရေးအထူးဇုန်တစ်ခုဖြစ်လာမည့် သီလဝါနှင့် ပဲခူး ၅ မြို့နယ် သွားလာနိုင်မည့် အဝေးပြေးအဆင့်မြင့်လမ်းမကြီးကို
လာမည့် ၂ဝ၁၈ ခုနှစ်၊ ဧပြီလတွင် စတင်အကောင်အထည်
ဖော် ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ 
စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင်
မတ်လ ၂၉ ရက်က ဖော်ပြထားသည်။

အဆိုပါ အဆင့်မြင့်အဝေးပြေးလမ်းမကြီး အဆင့်မြှင့် အကောင်အထည်ဖော်ပြီးစီးပါက ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်ခြင်း၊ ခရီးအကွာအဝေး တိုတောင်းပြီး အချိန်ကုန် သက်သာ
စေခြင်းတို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်း ကုန်သွယ်စီးဆင်းမှုမှာ ယခုထက် ပိုမိုလျင်မြန်မည် ဖြစ်သည့်အပြင် လမ်းမကြီးပေါ်ရှိ မြို့ကြီးများတွင်လည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
လမ်းမကြီးအဆင့်မြှင့်တင်ရာတွင် အခြားမြို့များမှာ မြို့ရှောင်လမ်း ဖြတ်သန်းသွားလာရေးအတွက် ပြဿနာ
မရှိသော်လည်း သုံးခွမြို့မှာ မြို့ရှောင်လမ်း အခက်အခဲ ရှိသဖြင့် ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွ၊ သန်လျင်-သီလဝါသို့ ဆက်သွယ်သော အဝေးပြေးလမ်းမကြီး ဖောက်လုပ်မည်ဆိုပါက 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သုံးခွမြို့အား မြို့ရှောင်လမ်းသစ်တစ်ခုကို သင့်တင့်လျောက်ပတ်သည့်
နေရာမှ ဖောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Source : Myanmar Times

Facebook comments