အထူးကုန်စည်တွင် မပါဝင် သည့် အခေါက်ရွှေသည် ဥပဒေ အရ ၅ ရာ ခိုင်နှုန်းပေးဆောင်ရ မည်ဖြစ်ပြီး အခွန်တံဆိပ်ခေါင်း မကပ်သည့် ရွှေဆိုင် များကို တတိယ အကြိမ်အထိ ငွေဒဏ်တပ်ရိုက် မည်ဖြစ်ကာ နောက်ဆုံး အ ဆင့်တွင် တရားစွဲဆိုသွားမည်ဟု ဦးမင်းထွဋ်က ပြောသည်။
ဧပြီ ၁ ရက်တွင် အခွန်စတင်ကောက်ခံမည်ဖြစ်သောကြောင့် လက်ရှိ ဈေး ကွက်၌ လက်ဝတ် ရတနာနှင့် အခေါက်ရွှေများ အ၀ယ်များနေကြောင်း ရွှေ ဆိုင် လုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်က ရွှေဆိုင်များကို အ ခွန်ကောက်ရာတွင် ကုန်သွယ် လုပ်ငန်းခွန် ကို ရွှေဆိုင်များ၏ ရောင်းအား ခန့်မှန်းခြေဖြင့်သာကောက်ခံခဲ့ရကြောင်း ဦးေ အာင်က ပြောသည်။
၂၀၁၇ ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် လက်ဝတ်ရတနာများ၌ စွဲကပ်ထားသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြ နှင့် အခြားကျောက် မျက် ရတနာများအတွက် အခွန် ၅ ရာ ခိုင်နှုန်း၊ ရွှေထည်လက်ဝတ်ရတနာ များအတွက် အခွန် ၁ ရာခိုင် နှုန်းနှင့် အထူးကုန်စည်တွင် မပါဝင်သည့် အေ ခါက်ရွှေတုံးများအ တွက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရ မည်ဟု ပြဋ္ဌာန်းထားသည်။
Source : 7DayDaily