မီးလင်းရွှေ(အတုံး)ကို ၅ ရာခိုင်နှုန်းအခွန်ကောက်ခံမည် ဆိုပါက ရွှေဈေး ပိုမိုမြင့်တက်နိုင် ပြီး ၀ယ်ယူစုဆောင်းသူများ အ ခက်တွေ့နိုင်ကြောင်း ၎င်း က ပြောသည်။
ဖေဖော်ဝါရီ ၂၄ ရက်က အတည်ပြုခဲ့သော ၂၀၁၇ ပြည် ထောင်စု၏ အခွန် အကောက်ဥပ ဒေအရ ရွှေထည်နှင့် လက်ဝတ် ရတနာဝယ်ယူသူများသည် ဧပြီ ၁ ရက်တွင် အခွန် ၁ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်သည်။
ရွှေထည်များကို ၁၉၉၀ က စ၍ ၅ ရာခိုင်နှုန်းကောက်ခံခဲ့ဖူး ပြီး ယခု ၁ ရာ ခိုင်နှုန်းကောက်ခံ ခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန် များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
ထို့ကြောင့် ၀ယ်ယူသူများ ထံမှ မည်သည်ပုံစံဖြင့် အခွန် ကောက်ခံမည် ဆို သည်ကို လုပ် ငန်းရှင်များနှင့် ပြည်တွင်းအခွန် များဦးစီးဌာနတို့ တွေ့ဆုံေ ဆွး နွေးထားသည်ဟုဆိုသည်။
မတ်လ ၁၆ ရက်က ရန်ကုန်ရွှေဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းနြေ ပီး ညနေ ၄ နာရီအထိ ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၄၀,၀၀၀ ဈေးပေါက်ကြောင်း သိရသည်။
Source : 7DayDaily