ကြားပြီး ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဒေါ်နန်းခင်ထွေးမြင့်က ကျေးဇူး တင်စကားပြောကြားကာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Yo He Sar Sar Kawar က လုပ်ငန်း ဆိုင်ရာကိစ္စများရှင်းလင်းပြောကြား၍ KNU ဥက္ကဋ္ဌ မူတူးစေးဖိုးက အမှာစကားပြောကြားသည်။မဲဆောက်မြို့ ဆာသူးလေ အ ထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် တန်းသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက်
ထောက်ပံ့ငွေများကို ဂျပန်နိုင် ငံနီပွန်ဖောင်ဒေးရှင်းမှ ပေးအပ် ရာတာဝန်ခံဆရာမကြီးကလက်ခံရယူပေးပြီး ဒေသခံပြည်သူများအ တွက် တည်ဆောက်ပေးသောအဆောက်အအုံများပြီးစီးမှု အထိမ်း အမှတ်ကျောက်တိုင်အား ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်၊ KNU ဥက္ကဋ္ဌမူတူးစေးဖိုး၊ ဒေါက်တာတင်မျိုးဝင်းနှင့်နီပွန်ဖောင် ဒေးရှင်းဥက္ကဋ္ဌ Mr.Yo He Sar Sar Kawar တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
လေးကေ့ကော်မြို့သစ်အိုးအိမ် များ တည်ဆောက်ရန်အတွက်နီပွန် ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ သိန်း ၁၀ဝ ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီး ယခုအခါနေအိမ်အလုံး ၁၀ဝ တည်ဆောက်ပြီးစီးသွားပြီဖြစ် ကြောင်း သိရသည်။
Source: Democracytoday