နိုင်ငံတော်ဘတ်ဂျက် ဖြင့် ဆောက်လုပ်သည့် ဆောက် လုပ်ရေးလုပ်ငန်းများဆောင်ရွက် ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် စာချုပ်ပါ အာမခံကာလအတွင်း ပျက်စီးမှု ဖြစ်ပေါ်ပါက ကုမ္ပဏီက တာဝန် ယူ ပြုပြင်ပေးရမည်ဖြစ်ပြီး အ ရည်အသွေးမပြည့်မီသည်ကို စစ် ဆေးသည့် အဖွဲ့က လက်ခံလျှင် ယင်းအဖွဲ့တွင် တာဝန်ရှိမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က ပြောကြားသည်။
မတ်လ ၉ ရက်က ကျင်းပ သော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးတင် ကိုကိုဦးက ဆောက်လုပ်ရေး တင် ဒါအောင်မြင်သော လုပ်ငန်းများ ဆောက်လုပ်ရာ၌ စာချုပ်ပါအ တိုင်း အရည်အသွေး ပြည့်၊ မပြည့် မည်သူက တာဝန်ယူမည် ကို သိလိုကြောင်းမေးမြန်းရာ ဝန် ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ဘီးလင်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက အစိုးရဘတ် ဂျက်ဖြင့် တည်ဆောက်သော ဆောက်လုပ်ရေးလုပ်ငန်းများ လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်း တင်ဒါအောင်မြင်သော ကုမ္ပဏီ များ၏ တည်ဆောက်ရေး အရည် အသွေးပိုင်းဆိုင်ရာတို့ကို စစ် ဆေးရန် လိုအပ်သည်ဟု ပြော သည်။
‘‘တင်ဒါရရှိသူကတော့ အ ရည်အချင်း ပြည့်ဝအောင်လုပ်ဖို့ ရှိပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။
၀န်ကြီး ဦးဝင်းခိုင်က ပြန် လည်ဖြေကြားရာတွင် တင်ဒါ အောင်မြင်ခဲ့သော တည်ဆောက် ရေးလုပ်ငန်းများကို လုပ်ငန်းအ ရည်အသွေးပြည့်မီစေရန် အရည် အသွေးစစ်ဆေးရေးအဖွဲ့များ၊ လုပ်ငန်းပြီးစီးမှု စစ်ဆေးရေးအဖွဲ့ များ ဖွဲ့စည်းပြီး စစ်ဆေးနေသည် ဟု ဆိုသည်။ တင်ဒါအောင်မြင် သော ကုမ္ပဏီများအနေဖြင့် စာချုပ်ပါ အာမခံကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ပါက ကုမ္ပဏီက တာ ဝန်ယူ ပြုပြင်ပေးရမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသော အရည်အ သွေးနှင့် စံချိန်စံညွှန်းများအတိုင်း ပြည့်မီခြင်းမရှိဘဲ ဆောင်ရွက် ထားသည့် လုပ်ငန်းများကို အ ရည်အသွေးစစ်ဆေးရေးအဖွဲ့ကလက်ခံလျှင် လက်ခံသည့် အ ရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် ကုမ္ပဏီတို့၌ တာဝန်ရှိမည်ဖြစ် ကြောင်းလည်း ဝန်ကြီးက သတိ ပေးသည်။
ထို့ပြင် နိုင်ငံတော်ဘတ်ဂျက် ဖြင့် ဆောင်ရွက်ရသည့် တည် ဆောက်ရေးလုပ်ငန်းများဆောက် လုပ်ရာတွင် လိုက်နာဆောင်ရွက် နိုင်ရန် ‘‘ကန်ထရိုက်စနစ်ဖြင့် လုပ် ငန်းများ ဆောင်ရွက်ရာ၌ လိုက် နာကျင့်သုံးရမည့် လုပ်ငန်းလမ်း ညွှန်စာအုပ်ကို နိုင်ငံတော် သမ္မတ ရုံး၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မ ဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များသို့ ပြီးခဲ့သည့် နှစ် စက်တင်ဘာတွင် ဖြန့်ဝေပေး ထားကြောင်း ဝန်ကြီးကဆိုသည်။
Source: 7 Daily